ရှေ့သို့
Image

မန်စီးတီးရဲ့ဘဏ္ဍာရေးစည်းမျည်းချိုးဖောက်မှု ၁၁၅ မှုကို မကြာခင်မှာ ကြားနာမယ်လို့ ပရီးမီးယားအမှုဆောင် ရစ်ချက်မာစတာ ဆို

11:52 AM, 27 April

ပရီးမီးယားလိဂ်အမှုဆောင် ရစ်ချက်မာစတာက မန်စီးတီးရဲ့ ဘဏ္ဍာရေးစည်းမျည်းချိုးဖောက်မှု ၁၁၅ မှုကို မကြာခင်မှာ ကြားနာမယ်လို့ ပြောကြားလိုက်ပါတယ်။ အခုနှစ်အစောပိုင်းတုန်းက အဆိုပါအမှုကြားနာမယ့်ရက်ကို အတည်ပြုခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရာသီက ပြီးဆုံးဖို့ နီးစပ်နေပြီဖြစ်ကာ မကြာခင်မှာ မန်စီးတီးအမှုအတွက် စတင်ဖွယ်ရှိနေပါတယ်။ “ဒီအခြေအနေနဲ့ ပတ်သက်ပြီး ကျွန်တော် မှတ်ချက်မပေးချင်ပါဘူး။ ရက်တော့ သတ်မှတ်ပြီးသားပါ။ လာမယ့်ရက်တွေမှာ အဲ့တာကိုဖြေရှင်းမှာပါ။ ဘာမှတ်ချက်မှမပေးချင်ပါဘူး”လို့ မာစတာက ပြောကြားခဲ့ပါတယ်။

စီးတီးကတော့ အဆိုပါအခြေအနေတွေကို ငြင်းဆန်ထားပြီး လက်ရှိရာသီမှာ အဲဗာတန်နဲ့ နော်တင်ဟမ်တို့က ဘဏ္ဍာရေးဆိုင်ရာကြောင့် အမှတ်လျော့ခံခဲ့ရပါတယ်။ ပရီးမီးယားလိဂ်ကတော့ စီးတီးအမှုကို မတူညီစွာကိုင်တွယ်နေပြီး ၁၁၅ မှုဖြစ်တာကြောင့် ရှုပ်ထွေးမှုတွေရှိနေတာဖြစ်ပါတယ်။

အဲဗာတန်နဲ့ နော်တင်ဟမ်တို့ကို ပြစ်ဒဏ်ချမှတ်ခဲ့ပေမယ့် စီးတီးအမှုက အချိန်ယူရဖွယ်ရှိနေပါတယ်။ စီးတီးဟာ ၂၀၀၈ ကနေ ၂၀၁၈ အထိ ၉ နှစ်တာ ကာလအတွင်း ဘဏ္ဍာရေးစည်းမျည်းချိုးဖောက်ခဲ့တာဖြစ်ပါတယ်။

“မှန်ပါတယ်။ ပရိသတ်တွေ စိတ်ပျက်တာကို ကျွန်တော်နားလည်နိုင်ပါတယ်။ ဒီပြဿနာက အချိန်ယူရမှာပါ။ ကျွန်တော်တို့လုပ်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ကို မတူညီတဲ့အရေးယူမှုတွေလုပ်ရမှာပါ။ ဘယ်ကလပ်မဆို ပြစ်မှုကျူးလွန်တယ်ဆိုရင် အရေးယူခံရမှာပါ။ ဒါပေမယ့် စီးတီးကိုက မတူညီပါဘူး။ ကျွန်တော်တို့ မတူညီစွာ ကိုင်တွယ်ရမှာဖြစ်တာကြောင့်ပါ။ ကြားနာမယ့်ရက်ကို သတ်မှတ်ပြီးပါပြီ။ ကံမကောင်းစွာနဲ့ ကျွန်တော်ဘာမှတော့မပြောနိုင်ပါဘူး”လို့ မာစတာက ပြောကြားခဲ့ပါတယ်။

ကာရေဂါက အောက်တိုဘာလတုန်းက တကယ်လို့စီးတီးအနေနဲ့ ပြစ်မှုထင်ရှားခဲ့ရင် နေရှင်နယ်လိဂ်ကိုတောင် တန်းဆင်းရနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

#မန်စီးတီး #ပရီးမီးယားလိဂ် #ရစ်ချက်မာစတာ