ရှေ့သို့
Image

ဘိုင်ယန်မြူးနစ်က ရန်နစ်ကို ချိတ်ဆက်နေတဲ့အပေါ် တူချယ် တုံ့ပြန်

11:48 AM, 27 April

ဖေဖော်ဝါရီတုန်းက တူချယ်တစ်ယောက် ရာသီအကုန်မှာ ဘိုင်ယန်ကနေ ထွက်ခွာတော့မယ်လို့ ကြေညာခဲ့ပါတယ်။

အဆိုပါဆုံးဖြတ်ချက်ဟာ ဘိုင်ယန်က ဘွန်ဒက်စ်လီဂါချန်ပီယံဆုအတွက် လေဗာကူဆင်ကို မယှဉ်နိုင်တော့တဲ့နောက်မှာ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ အဲ့နောက်ပိုင်းမှာတော့ ဘိုင်ယန်ဟာ ချန်ပီယံလိဂ်မှာ အာဆင်နယ်ကိုကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်ထားနိုင်ခဲ့ပါတယ်။ ခုချိန်မှာ တူချယ်တစ်ယောက် ဘိုင်ယန်မှာဆက်ရှိနေရေးအတွက် ပရိသတ်တွေက လက်မှတ်ထိုးမှုတွေစုဆောင်းနေတာဖြစ်ပါတယ်။

အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ပြီး စိတ်ပြောင်းမလားဆိုတဲ့အပေါ် တူချယ်က “ခေါင်းစဉ်အနေအထားက ကောင်းမွန်ပါတယ်။ ပရိသတ်တွေက ဆက်နေစေချင်ပေမယ့် အဲ့တာက အရေးပါတဲ့အနေအထားမဟုတ်ပါဘူး။ လာမယ့် ၁၁ ရက်အတွင်းမှာ အဲ့တာက ဘောလုံးအကြောင်းပါပဲ။ ဘာမှမထူးပါဘူး။ ကျွန်တော်တို့ ဘွန်ဒက်စ်လီဂါချန်ပီယံဆုနဲ့လွဲချော်ခဲ့ပေမယ့် ပရိသတ်တွေကို အကောင်းဆုံး ပေးဆပ်ချင်ပါတယ်။ ချန်ပီယံလိဂ်မှာ ဖိုင်နယ်အထိ တက်ရောက်နိုင်အောင် လုပ်ဆောင်ပြီး ဆုဖလားရယူပေးချင်ပါတယ်။ ကျေနပ်သည်ဖြစ်စေ ဒါမှမဟုတ် မကျေနပ်သည်ဖြစ်စေ ကျွန်တော့်အဲ့တာတွေနဲ့ လွှမ်းမိုးမခံပါဘူး။ နေ့တိုင်း အသင်းအတွက်ပဲ အာရုံစိုက်ထားပါတယ်”လို့ တူချယ်က ပြောကြားခဲ့ပါတယ်။

တူချယ်နေရာအတွက် အလွန်ဆိုကို ချိတ်ဆက်ခဲ့သေးပေမယ့် အဆင်မပြေခဲ့သလို အခြားတစ်ဖက်မှာ ဇီဒန်း ၊ ဒီမစ်ချယ်လီ ၊ ရန်နစ်တို့ကိုလည်း ပစ်မှတ်ထားနေပါတယ်။

#တူချယ် #ဘိုင်ယန်မြူးနစ် #ဘွန်ဒက်စ်လီဂါ #ရန်နစ်