ရှေ့သို့
Image

ဗီလာနဲ့ပွဲမှာ ပယ်လ်မာပြန်လည်ပါဝင်လာမယ်လို့ ပိုချက်တီနို အတည်ပြု

11:18 AM, 27 April

ချဲလ်ဆီးနည်းပြ ပိုချက်တီနိုက ကိုးလ်ပယ်လ်မာတစ်ယောက် ဗီလာနဲ့ပွဲလူစာရင်းမှာ ပြန်လည်ပါဝင်လာမယ်လို့ အတည်ပြုလိုက်ပါတယ်။

အသက် ၂၁ နှစ်သားဟာ ချဲလ်ဆီးအသင်းရဲ့အရေးပါတဲ့သူဖြစ်ပေမယ့် အာဆင်နယ်ကို ၅ ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ပွဲကို အဖျားဝေဒနာကြောင့် လွဲချော်ခဲ့ပါတယ်။ ပယ်လ်မာတစ်ယောက် ကြာသပတေးနေ့တုန်းက အသင်းဖော်တွေနဲ့ လေ့ကျင့်ခန်းဆင်းတဲ့ ပုံကိုမြင်တွေ့ခဲ့ရပြီး အဖျားဝေဒနာကနေ သက်သာလာပြီလို့ ပိုချက်တီနိုက အတည်ပြုခဲ့ပါတယ်။

ပွဲကြိုသတင်းစာရှင်းပွဲမှာ ပိုချက်တီနိုက “ကျွန်တော်တို့ ပယ်လ်မာအခြေအနေကို သုံးသပ်နေပါတယ်။ သူလူစာရင်းမှာတော့ ပါဝင်နိုင်မှာပါ။ သေချာပါတယ်။ ကိုးလ်က ကျွန်တော်တို့အတွက် အရေးပါတဲ့ကစားသမားတစ်ဦးပါ။ သူမပါဝင်နိုင်တာက အနည်းငယ်ရုန်းကန်ရပါတယ်”လို့ ပိုချက်တီနိုက ပြောကြားခဲ့ပါတယ်။

ပယ်လ်မာဟာ နွေရာသီတုန်းက မန်စီးတီးထံကနေ ပေါင် ၄၂.၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ၂၀ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ပယ်လ်မာပြန်လာနိုင်တာက သတင်းကောင်းဖြစ်ပေမယ့် ချူကွာမီကာ နဲ့ စတာလင်တို့ကတော့ ဒဏ်ရာကြောင့် နားရဖွယ်ရှိနေပါတယ်။

အန်ဇို၊ ရိစ်ဂျိမ်းစ်နဲ့ ဘန်ချီဝဲလ်တို့လည်း နားနေရတာဖြစ်ပြီး ကစားသမား ၁၂ ဦးလောက်နားနေရပါတယ်။ ဖာနန်ဒက်ဇ်ကတော့ လက်ကျန်တစ်ရာသီလုံးကို လွဲချော်မယ်လို့ ကြာသပတေးနေ့က အတည်ပြုခဲ့ပါတယ်။ အိုလီသတင်းဌာနရဲ့အဆိုအရ ချဲလ်ဆီးစတားဟာ ပေါင်ခြံဒဏ်ရာရရှိနေတာဖြစ်ပြီး ခွဲစိတ်မှုခံယူရမယ်လို့ ဆိုပါတယ်။

ချဲလ်ဆီးအသင်းက ကြေညာချက်ထုတ်ပြန်ရာမှာတော့ အန်ဇိုတစ်ယောက် ခွဲစိတ်တာအောင်မြင်ခဲ့ပြီလို့ ဆိုပါတယ်။ အသက် ၂၃ နှစ်သားဟာ ၃ ပတ်လောက်နားရဖွယ်ရှိနေပြီး ကိုပါအမေရိကမတိုင်ခင် ပြန်လာဖွယ်ရှိနေပါတယ်။

#ချဲလ်ဆီး #ပိုချက်တီနို #ပယ်လ်မာ #ပရီးမီးယားလိဂ်