ရှေ့သို့
Image

အာဆင်နယ်အသင်း ဖလားမရရေးအတွက် တော့တင်ဟမ်က အစွမ်းကုန်တားဆီးသွားမယ်လို့ ပိုစတီကိုဂလူ ကြွေးကြော်

10:13 AM, 27 April

ပိုစတီကိုဂလူက တော့တင်ဟမ်အသင်းဟာ မြောက်လန်ဒန်ဒါဘီမှာ ဆုဖလားအတွက် အမှတ်လိုနေတဲ့ အာဆင်နယ်အသင်းကို အစွမ်းကုန်တားဆီးသွားမယ်လို့ ပြောခဲ့ပါတယ်။ အဆင့်၅နေရာက တော့တင်ဟမ်အသင်းဟာလည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရမှတ်တွေ လိုအပ်နေပြီး အာဆင်နယ်၊ ချဲလ်ဆီးတို့နဲ့ပွဲစဉ်တွေမှာ ရမှတ်အများအပြား ရရှိဖို့ လိုအပ်နေပါတယ်။

ပိုစတီကိုဂလူကတော့ အာဆင်နယ်နဲ့ပွဲစဉ်မှာ သူ့ရဲ့ပုံစံတွေအတိုင်း တိုက်စစ်ဖွင့်ကစားသွားဦးမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ပိုစတီကိုဂလူက "စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့အတွက် ဒီလိုနေရာကိုရောက်လာတဲ့ နည်းလမ်းအတိုင်းပဲ ဆက်သွားရမှာ ဖြစ်ပါတယ်။ ဒီနှစ်မှာ ကျွန်တော်တို့ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်ခဲ့ပေမယ့် အခြေအနေတစ်ခုမှာ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ ဒီလိုဖြစ်နေလို့ဆိုပြီး ကိုယ့်အသင်းရဲ့ချဉ်းကပ်မှုတွေကို ပြောင်းပစ်လိုက်စရာ အကြောင်းမရှိပါဘူး"လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး ပိုစတီကိုဂလူက အာဆင်နယ်အသင်းရဲ့ချန်ပီယံမျှော်လင့်ချက်တွေကို ရိုက်ချိုးပစ်ဖို့ အစွမ်းကုန် ကြိုးစားသွားမယ့်အကြောင်းလည်း ပြောလာခဲ့ပါတယ်။

ပိုစတီကိုဂလူက"ဒီလိုဒါဘီပွဲစဉ်တွေကို အိမ်ကွင်းမှာ ကစားရတဲ့အခါ အကြီးမားဆုံးပြိုင်ဘက်ကို အနိုင်မပေးဖို့ လိုအပ်ပါတယ်။ ဒီလိုပွဲမျိုးရဲ့နောက်ဆက်တွဲတွေကိုလည်း ကျွန်တော် နားလည်ပါတယ်။ ပရိသတ်တွေ ဘယ်လိုခံစားရလဲဆိုတာ ကျွန်တော် နားလည်ပြီး သူတို့ခံစားချက်တွေက အရေးကြီးပါတယ်"လို့ ပြောခဲ့ပါတယ်။

#အာဆင်နယ် #တော့တင်ဟမ် #ပရီးမီးယားလိဂ် #ပိုစတီကိုဂလူ