ရှေ့သို့
Image

လိဒ်စ်ယူနိုက်တက်အသင်း ရှုံးပွဲကြုံခဲ့ပြီးနောက် ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာခဲ့ပြီဖြစ်တဲ့ လက်စတာ

9:44 AM, 27 April

လက်စတာအသင်းဟာ မနေ့ညက ချန်ပီယံရှစ်ပွဲစဉ်မှာ ပြိုင်ဘက် လိဒ်စ်ယူနိုက်တက်က ကျူပီအာကို ၄ဂိုးပြတ် အရေးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ထံ တန်းပြန်တက်ခွင့်ရခဲ့ပြီ ဖြစ်ပါတယ်။ အဆိုပါရှုံးပွဲကြောင့် လိဒ်စ်အသင်းရဲ့ တိုက်ရိုက်တန်းတက်ခွင့်နေရာက စိုးရိမ်စရာရှိလာခဲ့ပြီး နှစ်ပွဲလျော့နေတဲ့ အစ်ဆွစ်သာ နိုင်ပွဲတွေရသွားမယ်ဆိုရင် လိဒ်စ်ကို ကျော်ဖြတ်သွားနိုင်မှာ ဖြစ်ပါတယ်။

ကျူပီအာ အဆိုပါပွဲစဉ်မှာ ခြေစွမ်းကောင်းတွေ ပြသခဲ့ပြီး ပထမပိုင်းမှာတင် ချား၊ အန်ဒါဆန်တို့ရဲ့ဂိုးတွေနဲ့အတူ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ လိဒ်စ်တို့ ပြန်လာနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ကျူပီအာ တည်ကန်ဘောတွေကနေ ဂိုးတွေထပ်ရခဲ့တာကြောင့် လေးဂိုးပြတ် အရေးနိမ့်သွားခဲ့ပါတယ်။

လက်စတာအသင်းကတော့ ပြီးခဲ့တဲ့ရာသီက ရလဒ်ဆိုးတွေနဲ့အတူ တန်းဆင်းခဲ့ရပြီးနောက် ဒီနှစ်ရာသီမှာတော့ ချန်ပီယံရှစ်ချန်ပီယံအဖြစ် ပရီးမီးယားလိဂ်ကို ပြန်တန်းတက်လာတော့မှာ ဖြစ်ပါတယ်။

#လက်စတာ #လိဒ်စ်ယူနိုက်တက် #ပရီးမီးယားလိဂ်