ရှေ့သို့
Image

ဘွန်ဒက်စ်လီဂါပွဲစဉ် (၃၁) ဘိုင်ယန်မြူးနစ်-ဖရန့်ဖတ် ပွဲကြိုခန့်မှန်းချက် (ည ၈:၀၀)

8:55 AM, 27 April

ဘိုင်ယန်မြူးနစ်-ဖရန့်ဖတ် ဒဏ်ရာရပွဲပယ်
-------------
ဘိုင်ယန်မြူးနစ် - ဂါနာဘရီ၊ ဘိုနာဆား၊ တာရက်ဇ်ဘုမန်းစ်၊ ဆာချာဘိုယေး၊ ကင်းစလေကိုးမန်း(သေချာပေါက်လွဲ)၊ ဆာနေး(မသေချာ)
ဖရန့်ဖတ် - ဆာဆာကာလာဇစ်၊ ဆီဘတ်စတီယန်ရိုဒီ(သေချာပေါက်လွဲ)၊ အီကီတီကီ(မသေချာ)

ဘိုင်ယန်မြူးနစ်အတွက် ဘွန်ဒက်စ်လီဂါချန်ပီယံဆုမျှော်လင့်ချက် ကုန်ဆုံးသွားပြီဖြစ်လို့ ရီးရဲလ်မက်ဒရစ်နဲ့ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကို အာရုံစိုက်နေပါလိမ့်မယ်။ ဟာရီကိန်းရဲ့အံ့ဖွယ်သွင်းဂိုးမှတ်တမ်းမြင်တွေ့ခဲ့ရပေမယ့် ဘိုင်ယန်မြူးနစ်ကတော့ ၂၀၁၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ပြည်တွင်းအမှတ်ပေးချန်ပီယံဆုနဲ့ လွဲချော်ခဲ့ပါတယ်။

ဥရောပဝင်ခွင့်မျှော်လင့်ချက်ရှိနေတဲ့ ဖရန့်ဖတ်တို့ နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာ အော့စ်ဘတ်ကို အနိုင်ယူပြီး ရလဒ်ပိုင်းဆိုးရွားနေမှုကို ရပ်တန့်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဝေးကွင်းနောက်ဆုံးခုနစ်ပွဲဆက်ပေးဂိုးတွေခွင့်ပြုပေးထားရတဲ့ ဖရန့်ဖတ်ခံစစ်ပိုင်းက အားရစရာမရှိပါဘူး။ ဂိုးပေါင်းကြေးလည်း ပြင်းရှနေလို့ နှစ်သင်းပေါင်းသွင်းဂိုးများပြားနိုင်တဲ့ ပွဲစဉ်ပါ။
 
ဘိုင်ယန်မြူးနစ် - ဖရန့်ဖတ် ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်
--------------------------------------------------------
ဖရန့်ဖတ် ၅ - ၁ ဘိုင်ယန်မြူးနစ် (၉-ဒီဇင်ဘာ-၂၀၂၃)
ဘိုင်ယန်မြူးနစ် ၁ - ၁ ဖရန့်ဖတ် (၂၉-ဇန်နဝါရီ-၂၀၂၃)
ဖရန့်ဖတ် ၁ - ၆ ဘိုင်ယန်မြူးနစ် (၆-သြဂုတ်-၂၀၂၂)
ဖရန့်ဖတ် ၀ - ၁ ဘိုင်ယန်မြူးနစ် (၂၇-ဖေဖော်ဝါရီ-၂၀၂၂)
ဘိုင်ယန်မြူးနစ် ၁ - ၂ ဖရန့်ဖတ် (၃-အောက်တိုဘာ-၂၀၂၁)
.
ဘိုင်ယန်မြူးနစ် နောက်ဆုံး (၅) ပွဲရလဒ်
---------------------------------
ယူနီယံဘာလင် ၁ - ၅ ဘိုင်ယန်မြူးနစ် (၂၀-ဧပြီ-၂၀၂၄)
ဘိုင်ယန်မြူးနစ် ၁ - ၀ အာဆင်နယ် (၁၈-ဧပြီ-၂၀၂၄)
ဘိုင်ယန်မြူးနစ် ၂ - ၀ ကိုလုံး (၁၃-ဧပြီ-၂၀၂၄)
အာဆင်နယ် ၂ - ၂ ဘိုင်ယန်မြူးနစ် (၉-ဧပြီ-၂၀၂၄)
ဟိုင်ဒင်ဟိမ်း ၃ - ၂ ဘိုင်ယန်မြူးနစ် (၆-ဧပြီ-၂၀၂၄)
.
ဖရန့်ဖတ် နောက်ဆုံး (၅) ပွဲရလဒ်
---------------------------------
ဖရန့်ဖတ် ၃ - ၁ အော့စ်ဘတ် (၂၀-ဧပြီ-၂၀၂၄)
စတုဂတ် ၃ - ၀ ဖရန့်ဖတ် (၁၃-ဧပြီ-၂၀၂၄)
ဖရန့်ဖတ် ၁ - ၁ ဝါဒါဘရီမင် (၆-ဧပြီ-၂၀၂၄)
ဖရန့်ဖတ် ၀ - ၀ ယူနီယံဘာလင် (၃၀-မတ်-၂၀၂၄)
ဒေါ့မွန် ၃ - ၁ ဖရန့်ဖတ် (၁၇-မတ်-၂၀၂၄)

#ပွဲကြိုသုံးသပ်ချက် #ဖရန့်ဖတ် #ဘိုင်ယန်မြူးနစ် #ဘွန်ဒက်စ်လီဂါ