ရှေ့သို့
Image

ဘာစီလိုနာကို ဆက်လက်ကိုင်တွယ်ရန် ဆုံးဖြတ်ပြီးနောက် ပရိသတ်တွေထံ သတင်းစကားပေးပို့လိုက်တဲ့ ဇာဗီ

2:56 PM, 26 April

ဇာဗီဟာနန်ဒက်ဇ်ဟာ ဘာစီလိုနာနည်းပြအဖြစ် ဆက်လက်ဆောင်ရွက်ဖို့ ဆုံးဖြတ်ပြီးနောက်မှာတော့ ဆိုရှယ်မီဒီယာကနေတစ်ဆင့် ပရိသတ်တွေထံသို့ သတင်းစကားပေးပို့လာခဲ့ပါတယ်။

မကြာသေးမီက ရာသီကုန်မှာ အသင်းကနေ ထွက်ခွာမယ်လိုကြေညာခဲ့တဲ့ ဇာဗီဟာ အခုချိန်မှာတော့ ဆုံးဖြတ်ချက်ကိုပြန်လည် ပြင်ဆင်ခဲ့ပြီး ကြာသပတေးနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ နည်းပြအဖြစ် ဆက်လက်ဆောင်ရွက်မှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ဇာဗီက “ကျွန်တော်တို့ရဲ့ လက်ရှိပရောဂျက်တွေက မပြီးဆုံးသေးပါဘူး”လို့ပြောကြားခဲ့ပါတယ်။ ထို့နောက်မှာတော့ စပိန်သားဟာ အသင်းပိုင်ရှင်၊ အားပေးနေတဲ့ပရိသတ်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ကျေးဇူးတင်ကြောင်းနဲ့ အနာဂတ်အတွက် စိတ်အားထက်သန်မှုအပြည့်ရှိနေတယ်လို့ အင်စတာဂရမ်ကနေတစ်ဆင့် အသိပေးခဲ့ပါတယ်။

ဇာဗီက “ကျွန်တော့်ရဲ့လက်ရှိပရောဂျက်ကို ဆက်လက်လုပ်ဆောင်ရမှာမို့ ပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့ကိုယုံကြည်မှုပေးခဲ့တဲ့ ပရိသတ်တွေနဲ့ ကလပ်ကိုလည်း ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာ စိတ်အားထက်သန်မှုတွေ ပိုမိုဖြစ်ထွန်းပြီး အောင်မြင်တဲ့ကလပ်ဖြစ်ဖို့ ဆက်လက်လုပ်ဆောင်သွားမှာပါ” လို့ရေးသားခဲ့ပါတယ်။

လာမယ့် တနင်္လာနေ့မှာတော့ ဇာဗီရဲ့အသင်းဟာ လာလီဂါပွဲစဉ်အဖြစ် ဗလန်စီယာနဲ့ ကစားသွားရမှာဖြစ်ပြီး ထို့နောက်မှာတော့ ဂျီရိုနာ၊ ရီးရဲလ်ဆိုစီဒက်၊ အယ်လ်မီရီယာ၊ ဗယ်လီကာနို၊ ဆီဗီလာတို့နဲ့ ဆက်လက်ကစားပြီး ရာသီကုန်ဆုံးမှာဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ဇာဗီ