ရှေ့သို့
Image

ဒဏ်ရာရနေတဲ့ မေဆင်မောင့် ပြန်ကစားနိုင်မယ့် ရက်ကို ပြောကြားလိုက်တဲ့ ယူနိုက်တက်နည်းပြ တန်ဟက်

2:07 PM, 26 April

လာမယ်ရက်သတ္တပတ် ဘန်လေနှင့် ကစားမယ့်ပွဲမှာ မေဆင်မောင့် ပါဝင်လာနိုင်တယ်လို့ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က ပြောကြားလိုက်ပါတယ်။

ချဲလ်ဆီးကနေ ပေါင် ၅၅ သန်း (ဒေါ်လာ ၄၄ သန်း) နဲ့ ပြောင်းရွှေ့လာကတည်းက မောင့်ဟာ ဒဏ်ရာ ရရှိမှုတွေကြောင့် ကလပ်အတွက် ၁၇ ပွဲသာ ကစားခွင့်ရခဲ့တာပါ။ ခြေသလုံးဒဏ်ရာကနေ မကြာသေးမီကမှပြန်လည်သက်သာလာခဲ့သော်လည်း အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ ယူနိုက်တက်ရဲ့ နောက်ဆုံး ၂ ပွဲဖြစ်တဲ့ ရှက်ဖီးယူနိုက်တက်နှင့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဖြစ် ကိုဗင်ထရီတို့အား အနိုင်ရခဲ့တဲ့ ပွဲစဉ်တွေကို လွဲချော်ခဲ့ရပြန်ပါတယ်။

တန်ဟက်က BBC's Match of the Day သို့ "ဘန်လေနဲ့ ပွဲအတွက် ယူနိုက်တက်ရဲ့အဓိက ကစားသမားတွေ ကစားနိုင်ဖို့ မမျှော်လင့်ထားသော်လည်း မောင့်ကတော့ ပြန်ကစားနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်" လို့ ပြောပါတယ်။

သို့သော်လည်း မာတီနက်ဇ်၊ လင်ဒီလော့ဖ်၊ အီဗန်၊ဗာရာနီနှင့် ကမ်ဘာလာတို့ အပါအဝင် အဓိကနောက်ခံလူများစွာက ဒဏ်ရာကြောင့် နားနေရမယ်ဆိုတာနှင့် နောက်တန်းအတွက် အားဖြည့်ထားမှုမရှိကြောင်း တန်ဟက်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ တန်ဟက်ဟာ ဘရာဇီးနိုင်ငံသား ကက်စ်မဲရိုးကို ဗဟိုခံစစ်မှူးအဖြစ် အသုံးပြုခဲ့ပါတယ်။ မက်ဂွါရီနှင့် ကက်စ်မဲရိုးတို့ရဲ့ တွဲဖက်မှုးဟာ ယူနိုက်တက်နောက်တန်းအတွက် တည်ငြိမ်စေမှာတော့ မဟုတ်ပါဘူး။

သို့သော်လည်း တန်ဟက်က ကက်စ်မဲရိုးရဲ့ ဗဟိုခံစစ်မှူးအဖြစ် စွမ်းဆောင်ရည်အပေါ် "မက်ဂွါရီနဲ့ တွဲဖက်ပြီး ကက်စ်မဲရိုးကို ဗဟိုခံစစ်မှူးကောင်းတစ်ယောက်လို့ ကျွန်တော်ထင်ပါတယ်။ အတွင်းရောအပြင်မှာပါ အရမ်းတည်ငြိမ်ပါတယ်"လို့ ပြောပါတယ်။

မောင့်ရဲ့ ပြန်ကစားနိုင်မှု အလားအလာက ယူနိုက်တက်ရဲ့ ကွင်းလယ်ကို အချိန်မီအားဖြည့်ပေးနိုင်တာဖြစ်ပြီး လက်ရှိရာသီရဲ့ အရေးကြီးတဲ့အဆင့်တွေမှာ ထပ်လောင်းဖန်တီးမှုတွေနဲ့အတူ တိုက်စစ်အတွက်လည်း တွန်းအားတွေမှု လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

လက်ရှိအချိန် ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး နယူးကာဆယ်ရဲ့အထက် ၃ မှတ်အသာနဲ့ ယူရိုပါလိဂ်ဝင်ခွင့်ကို ဆုပ်ကိုင်ထားတဲ့ တော့တင်ဟမ်ရဲ့နောက် ၇ မှတ်အကွာမှာ ရပ်တည်နေပါတယ်။ ဘန်လေနှင့် အိမ်ကွင်းမှာ ကစားပြီးနောက် ပရီးမီးယားလိဂ်ပွဲစဉ်များအဖြစ် ခရစ္စတယ်ပဲလေ့စ်၊ အာဆင်နယ်၊ နယူးကာဆယ်၊ ဘရိုက်တန်တို့နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #မေဆင်မောင့် #အဲရစ်တန်ဟက် #ပရီးမီးယားလိဂ်