ရှေ့သို့
Image

လီဗာပူးရှိ ဆာလက်ရဲ့အနာဂတ်နှင့် ပတ်သက်ပြီး သံသယရှိကြောင်း အရိပ်အမြွက် ပြောကြားလိုက်တဲ့ ကာရေဂါ

2:02 PM, 26 April

ကာရေဂါဟာ အဲဗာတန်နှင့်ပွဲက ဟာကွက်တစ်ခုကို ထုတ်ပြခဲ့ပြီးနောက် လီဗာပူးရှိ ဆာလက်ရဲ့အနာဂတ်နှင့်ပတ်သက်ပြီး အမှန်တကယ် ဆွေးနွေးလိုနေတာဖြစ်ပါတယ်။

လီဗာပူးဟာ မာဆေးဆိုဒ်ပြိုင်ဘက်ကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဆု မျှော်လင့်ချက်မှာ ပြင်းထန်စွာ ထိခိုက်မှုရှိခဲ့တာဖြစ်ပါတယ်။ ဘရိတ်ဝတ်နှင့် ကလာဗက်လီဝန်တို့ရဲ့ သွင်းဂိုးများကြောင့် ရှောင်ဒိုက်ရဲ့ အသင်းဟာ အနိုင်ရရှိခဲ့ပြီး ၂၀၁၀ ခုနှစ်နောက်ပိုင်း ဂွတ်ဒီဆင်ပါ့ခ်တွင် ပထမဆုံးအကြိမ် ရှုံးပွဲကြုံတွေ့ခဲ့ရတဲ့ လီဗာပူးဟာ အမှတ်ပေးဇယားထိပ်ဆုံးရှိ အာဆင်နယ်နှင့် ၃ မှတ်အကွာ နှစ်ပွဲလျော့ကစားထားတဲ့ မန်စီးတီးရဲ့အထက် ၁ မှတ်အသာ ဒုတိယနေရာမှာ ရှိနေတာဖြစ်ပါတယ်။

ဆာလက်ဟာ တိုက်စစ်ပိုင်းတွင် ခြေစွမ်းကျဆင်းနေသလို အန်ဖီးလ်တွင် စာချုပ်သက်တမ်း ၁ နှစ်သာကျန်ရှိတော့တာကြောင့် အနာဂတ်ကို ပြန်လည်သုံးသပ်ရန် ကာရေဂါက တွန်းအားပေးခဲ့ပါတယ်။ ဆာလက်ဟာ ဖေဖော်ဝါရီတွင်ကစားခဲ့တဲ့ AFCON ကနေ ဒဏ်ရာရရှိကာပြန်လာခဲ့ပြီးနောက် နောက်ဆုံးလိဂ်ပွဲ ၈ ပွဲတွင် ၃ ဂိုးသာ သွင်းယူထားနိုင်တာကြောင့် တိုက်စစ်မှူးက အရိပ်လိုဖြစ်နေပြီလို့ ကာရေဂါက ပြောကြားလိုက်တာဖြစ်ပါတယ်။

Sky Sports သို့ ကာရေဂါက "မိုဆာလက်ဟာ လီဗာပူးရဲ့ ဂိုးသွင်းသူဖြစ်ပြီး ခြေစွမ်းကျသွားပြီ ဖြစ်ပါတယ်။ အဲဒါက တခြားသူတွေကို မီးမောင်းထိုးပြလိုက်သလိုပါ။ သူ့အတွက် အနာဂတ်က ဘာလဲဆိုတာက နည်းပြသစ်အတွက် အမှန်တကယ် ဆွေးနွေးစရာဖြစ်ပြီး ပထမဆုံး အကြိမ်အနေနဲ့ ဒီမေးခွန်းကို ကျွန်တော် မေးခဲ့ပြီးဖြစ်ပါတယ်။ သူရဲ့စာချုပ်မှာ သက်တမ်းက ၁ နှစ်ပဲ ကျန်တော့ပါတယ်။ အထူးသဖြင့် လက်ရှိရာသီမှာ ဒဏ်ရာကနေ ပြန်ကောင်းလာကတည်းက သူက ခြေစွမ်းကျဆင်းနေတာပါ။ သူဟာ လီဗာပူးအသင်းရဲ့ ဂန္တဝင်တစ်ဦး စူပါစတားတစ်ဦး အကောင်းဆုံး ကစားသမားတစ်ဦး ဖြစ်သော်လည်း လက်ရှိအချိန်အထိသာဖြစ်ပါတယ်"လို့ ပြောပါတယ်။

AFCON ပြိုင်ပွဲမစမီတွင် ဆာလက်ဟာ ပရီးမီးယားလိဂ်တွင် ဂိုးရရှိမှုအတွက် ၆၅ ကြိမ် ကြိုးစားမှုမှ ၁၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဂိုးအဖြစ်ပြောင်းလဲမှုနှုန်းက ၂၁.၅၄ % ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒဏ်ရာကနေ ပြန်ကောင်းလာပြီးကတည်းက သူ့ရဲ့ရဲ့ ဂိုးအဖြစ်ပြောင်းလဲနှုန်းက ၈.၅၇% အထိ ကျဆင်းသွားပြီး ဂိုးသွင်းစွမ်းရည်မှာ သိသိသာသာ ကျဆင်းသွားတာကို တွေ့ခဲ့ရပါတယ်။

ဆာလက်ဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မတိုင်မီ ဆော်ဒီသို့ ပြောင်းရွှေ့ရန် အလားအလာရှိတဲ့ ချိတ်ဆက်မှုများ ရှိခဲ့ပါတယ်။ သို့သော်လည်း လက်ရှိစာချုပ်သက်တမ်းမှာ ၁ နှစ်သာ ကျန်ရှိတော့တာကြောင့် ကလပ်အနေနဲ့ သူ့ရဲ့အနာဂတ်နှင့်ပတ်သက်ပြီး အရေးပါတဲ့ ဆုံးဖြတ်ချက်ကို ချရမှာဖြစ်ပါတယ်။ စနေနေ့ ဝက်စ်ဟမ်းနှင့် ကစားမယ့်ပွဲမှာတော့ ဆာလက်က သူ့ရဲ့လက်ရှိပုံစံကို အကောင်းဆုံးဖြစ်အောင် ကစားရမှာဖြစ်ပါတယ်။

#လီဗာပူး #အဲဗာတန် #ဆာလက် #ကာရေဂါ #ပရီးမီးယားလိဂ်