ရှေ့သို့
Image

လီဗာပူး နည်းပြဖြစ်လာနိုင်တဲ့ စလော့အခြေအနေနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလိုက်တဲ့ ဗန်ဒိုက်

8:29 AM, 26 April

မာဆေးလ်ဆိုက်ဒါဘီမှာ အရေးနိမ့်ခဲ့ပြီးနောက် လီဗာပူး အသင်းခေါင်းဆောင် ဗန်ဒိုက်က ဖီယင်နုနည်းပြ စလော့ရဲ့အနေအထားနဲ့ပတ်သက်ပြီး ပြောကြားလိုက်ပါတယ်။

အသက် ၄၅ နှစ်သားဟာ အခုလာမယ့်နွေရာသီမှာ ကလော့ပ်နေရာကို အစားဝင်မယ့်သူအဖြစ် သတင်းကြီးနေပြီး မေးခွန်းထုတ်မှုတွေလည်းရှိနေပါတယ်။ အဲဗာတန်ကို ၂ ဂိုးပြတ်အရေးနိမ့်ခဲ့တာအပါအဝင် ကလော့ပ်ဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲအထိ အရေးနိမ့်ထားခဲ့ပါတယ်။

“စလော့က လက်ရှိနယ်သာလန်မှာ အကောင်းဆုံး နည်းပြတွေထဲက တစ်ဦးပါ။ သူ့နည်းစနစ်တွေ၊ အတွေးအခေါ်တွေက လီဗာပူး နည်းပြဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် အပြီးသတ်ဖို့တော့ လိုဦးမယ်လို့ ကျွန်တော်ဖတ်ရပါတယ်။ ကျွန်တော်တို့ ဆက်လက်စောင့်ကြည့်ရပါမယ်။ လာမယ့်ရာသီကို ကျွန်တော်တို့ အာရုံစိုက်မှာပါ။ အခုတော့ အဝေးကြီးကျန်နေပါသေးတယ်”လို့ ဗန်ဒိုက်က သူ့အမြင်ကို ပြောကြားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ လက်ကျန်ပွဲစဉ်တွေအဖြစ် ဝက်စ်ဟမ်း၊ တော့တင်ဟမ်၊ ဗီလာ၊ ဝုဗ်တို့နဲ့ အားပြိုင်ရမှာဖြစ်ပါတယ်။ မန်စီးတီးကတော့ ဒီနေ့ညမှာ ဘရိုက်တန်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး တကယ်လို့ မန်စီးတီးသာ ဒီညကိုအနိုင်ရခဲ့ရင် လီဗာပူးအသင်းရဲ့ဆုဖလားအိပ်မက်က ပြီးဆုံးဖွယ်ရှိနေပါတယ်။ အာဆင်နယ်ကတော့ လီဗာပူးမတိုင်ခင် ချဲလ်ဆီးကို ၅ ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။

#လီဗာပူး #ဗန်ဒိုက် #ပရီးမီးယားလိဂ် #အန်းစလော့