ရှေ့သို့
Image

ရှက်ဖီးလ်နိုင်ပွဲနဲ့ ဂိုးတွေက ပရိသတ်တွေ အတွက်ဖြစ်တယ်လို့ တန်ဟက် ပြောကြား

11:20 AM, 25 April

ယူနိုက်တက်နည်းပြ တန်ဟက်က ရှက်ဖီးလ်ကို ၄-၂ နဲ့အနိုင်ရခဲ့တာကြောင့် ပျော်ရွှင်မိတယ်လို့ ပြောကြားလိုက်ပါတယ်။ ရှက်ဖီးလ်က ၂ ဂိုးဆက်တိုက်ဦးဆောင်နိုင်ခဲ့ပေမယ့် ယူနိုက်တက်က နောက်ကနေလိုက်ကစားပြီး အဆုံးသတ်မှာ ၄-၂ နဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

“ဒီပွဲကောင်းက ပရိသတ်တွေ အတွက်ပါ။ ၄ ဂိုးမဟုတ်ပဲ အခွင့်အရေးအများကြီး ဖန်တီးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အကောင်းဆုံးကစားနိုင်ခဲ့သလို အခွင့်အရေးကောင်းတွေလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ အပေါင်းလက္ခဏာအများကြီး ဆောင်ခဲ့သလို အနုတ်လက္ခဏာဆောင်တာလည်းရှိပါတယ်။ အဝေးဂိုး ၂ ဂိုးပေးလိုက်ရတာပါ။ အဲ့တာက လက်မခံနိုင်စရာပါ။ ကျွန်တော်တို့ တိုက်စစ်ကစားဟန်နဲ့ပွဲတစ်ပွဲ ကစားချင်ခဲ့တာပါ။ ဒါက ကျွန်တော်တို့မြင်ချင်တဲ့ ကစားပုံပါ။ ဆောင်းရာသီပြီးကတည်းက ကျွန်တော်တို့ အခွင့်အရေးတွေအများကြီး ဖန်တီးနိုင်ခဲ့သလို ဂိုးတွေလည်းအများကြီး သွင်းယူနိုင်ခဲ့ပါတယ်”လို့ တန်ဟက်က ပြောကြားခဲ့ပါတယ်။

“သူ(ဖာနန်ဒက်)က အသင်းကို ဦးဆောင်နိုင်ခဲ့ပါတယ်။ သူ့ရဲ့စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ကျွန်တော်အရမ်းပျော်ပါတယ်။ ကက်စ်မဲရိုးလည်း အရမ်းကောင်းပါတယ်။ သူဒီနေရာမှာ ကစားနိုင်တယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ အဝေးဂိုး ၂ ဂိုးပေးလိုက်ရတာ လက်မခံနိုင်စရာပါ။ ကျွန်တော်တို့ပွဲကို ထိန်းချုပ်နိုင်ခဲ့သင့်တာပါ”လို့ တန်ဟက်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အဲရစ်တန်ဟက် #ရှက်ဖီးလ်ယူနိုက်တက် #ပရီးမီးယားလိဂ်