ရှေ့သို့
Image

ကလော့ပ်နေရာအတွက် ဖီယင်နုနည်းပြနဲ့ အစားထိုးဖို့ နီးစပ်နေတဲ့ လီဗာပူး

11:13 AM, 25 April

လီဗာပူးအသင်းဟာ ကလော့ပ်နေရာအတွက် ဖီယင်နုနည်းပြ အာနီစလော့နဲ့ အစားထိုးဖို့ နီးစပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။ လီဗာပူးဘက်က ဗုဒ္ဓဟူးနေ့တုန်းက ဖီယင်နုအသင်းထံ တရားဝင်ဆက်သွယ်ခဲ့တာဖြစ်ပြီး ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

စလော့တ်ကိုခေါ်ယူနိုင်ဖို့ ပေါင် ၁၀ သန်း ဝန်းကျင်လောက်အသုံးပြုရနိုင်ပြီး သူ့ရဲ့လက်ထောက်နည်းပြ ဟူလ်ရှော့ဖ်လည်း ပါဝင်လာဖွယ်ရှိနေပါတယ်။ အခုရက်သတ္တပတ်မတိုင်ခင် စလော့တ်ကိုခေါ်ယူနိုင်ဖို့ အခြေအနေက အလျင်အမြန်တိုးတက်လာခဲ့တာဖြစ်ပါတယ်။

အင်္ဂါနေ့တုန်းသတင်းတွေအရ စလော့ဟာ ကလော့ပ်နေရာမှာ အစားထိုးမယ့်သူအဖြစ် ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီတုန်းက စလော့ကို တော့တင်ဟမ်နဲ့ ချဲလ်ဆီးတို့က ပစ်မှတ်ထားခဲ့သေးတာဖြစ်ပြီး ၂၀၂၁ နောက်ပိုင်းမှာ ဥရောပရဲ့အကောင်းဆုံးနည်းပြတွေထဲကတစ်ဦးဖြစ်လာခဲ့ပါတယ်။

စလော့ဟာ ဖီယင်နုအသင်းကို KNVB ဆုဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး အဆိုပါဆုဖလားဟာ ဖီယင်နုအသင်းကိုရောက်လာပြီးနောက် ဒုတိယမြောက်ရရှိတဲ့ဆုဖလားဖြစ်လာခဲ့ပါတယ်။ ဖီယင်နုမှာပြသနေတဲ့ စွမ်းဆောင်ရည်ကြောင့် လီဗာပူးအသင်းက ကလော့ပ်နေရာမှာ အစားထိုးဖို့ လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။ ကြာသပတေးနေ့မှာကန်မယ့် အီးဂဲလ်နဲ့ပွဲအတွက် ပွဲကြိုသတင်းစာရှင်းပွဲကို ဖျက်သိမ်းခဲ့ပေမယ့် တရားဝင်အကြောင်းပြချက်တော့ မထုတ်ပြန်သေးတာဖြစ်ပါတယ်။

စလော့ဟာ သူ့ရဲ့ညာလက်ရုံး ဟူလ်ရှော့ဖ်ကို လီဗာပူးအသင်းထံခေါ်ဆောင်လာမှာဖြစ်ပြီး ကလော့ပ်ရဲ့နည်းပြအဖွဲ့ဝင်တွေလည်း တခါတည်းထွက်ခွာဖွယ်ရှိနေပါတယ်။ ကလော့ပ်ကတော့ ပြီးခဲ့တဲ့ဇန်နဝါရီတုန်းက ၉ နှစ်ကြာကိုင်တွယ်ခဲ့တဲ့ လီဗာပူးအသင်းကနေ ထွက်ခွာတော့မယ်လို့ အံ့အားသင့်ဖွယ်ကြေညာခဲ့ပါတယ်။ ကနဦးသတင်းတွေအရ လီဗာပူးအသင်းဟာ ကလော့ပ်နေရာမှာ အလွန်ဆိုကို ချိတ်ဆက်ခဲ့ပေမယ့် အလွန်ဆိုက ဂျာမန်မြေမှာသာ ဆက်နေချင်တာကြောင့် အာမိုရင်ကို ပြောင်းလဲခဲ့ပါတယ်။

ပေါ်တူဂီသားနည်းပြရဲ့စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၁၂ သန်းရှိနေပြီး လီဗာပူးရဲ့ပစ်မှတ်ထဲမှာ ဒီဇာဘီလည်း ပါဝင်နေပါတယ်။ အာမိုရင်ကို လီဗာပူးအသင်းအပြင် ဝက်စ်ဟမ်းအသင်းကလည်း ချိတ်ဆက်နေပါတယ်။

#လီဗာပူး #ဖီယင်နု #ပရီးမီးယားလိဂ် #အာနီစလော့