ရှေ့သို့
Image

ချဲလ်ဆီးအား အနိုင်ရပြီးနောက် အာဆင်နယ်ပရိသတ်များရဲ့ အောင်ပွဲခံမှုအပေါ် ဝေဖန်လိုက်တဲ့ ဂျိုကိုးလ်

10:53 AM, 25 April

မြောက်လန်ဒန်သားတွေဟာ အမ်းမရိတ်ကွင်းမှာ ချဲလ်ဆီးကို ဦးဆောင်ဖို့ ၄ မိနစ်ပဲ အချိန်ယူခဲ့ရပြီး ထရိုဆက်ဟာ ပရီးမီးယားလိဂ်ဆုဖလားအတွက် ပြိုင်ဆိုင်နေတဲ့ အာဆင်နယ်အတွက် အနီးကပ်ပိတ်သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ပွဲချိန်အတွင်းမှာ အာဆင်နယ် နောက်တန်းကိုခြိမ်းခြောက်ခဲ့ပေမယ့်လည်း အိမ်ရှင်အသင်းက ဦးဆောင်ဖို့ အလားအလာ ပိုကောင်းတယ်လို့ မြင်နေရတာပါ။

အာဆင်နယ်ဟာ နောက်ထပ် ဂိုးတွေ သွင်းယူဖို့ ဒုတိယပိုင်းအထိ စောင့်ခဲ့ရပြီး ပြန်လည်စတင်ပြီး သိပ်မကြာခင်မှာပဲ ဘန်ဝှိုက်နှင့် ကိုင်ဟားဗက်ဇ်တို့က ဂိုးတွေ သွင်းယူခဲ့ကြတာဖြစ်ပါတယ်။ သူတို့ ၂ ဦးက နောက်ထပ် ဂိုးများသွင်းနိုင်ခဲ့ကြပြီး အနိုင်ရရှိခဲ့တဲ့ အာဆင်နယ်ဟာ အမှတ်ပေးဇယားရဲ့ထိပ်ကနေ ၃ မှတ်အသာဖြင့် ဦးဆောင်ထားပြီး လီဗာပူးက ၁ ပွဲနှင့် မန်စီးတီးက ၂ ပွဲ ပွဲကျန် ကစားဖို့ရှိနေသေးတာ ဖြစ်ပါတယ်။

လန်ဒန်မြို့ခံပြိုင်ဘက်ကို အနိုင်ရရှိတဲ့အတွက် အောင်ပွဲခံတဲ့ အာဆင်နယ်ပရိသတ်တွေကို နားလည်မိသော်လည်း ချဲလ်ဆီးတောင်ပံကစားသမားဟောင်း ဂျိုကိုးလ်ကတော့ သူတို့တွေအနေနဲ့ နည်းနည်းလောက်တော့ ထိန်းသင့်တယ်လို့ ထင်နေပါတယ်။ အသက် ၄၂ နှစ်အရွယ် ဂျိုကိုလ်းက TNT Sports အတွက် အမ်းမရိတ်တွင် အားကစားဝေဖန်သူအဖြစ် တာဝန်ထမ်းဆောင်နေသော်လည်း အသင်းဟောင်းရဲ့ ရှုံးနိမ့်မှုအပြီး အာတီတာရဲ့ ပွဲအပြီးအင်တာဗျူးကို တက်ရောက်ခြင်းမရှိခဲ့ပါဘူး။

အာတီတာရဲ့ အင်တာဗျူးအတွင်း ဘယ်ရောက်နေသလဲလို့ မေးတဲ့အခါ ကိုးလ်က "ကျွန်တော် အိမ်ပြန်ဖို့ အဆင်သင့်ဖြစ်နေသော်လည်း အလုပ်ပြန်ဝင်ရမယ်လို့ သူတို့က ပြောခဲ့ပါတယ်" လို့ ဟာသလုပ် ပြောကြားလိုက်ပါတယ်။

"အာတီတာ ပြောတာကိုတွေကိုလည်း စိတ်မဝင်စားပါဘူး" လို့ သူက ထပ်လောင်း ပြောကြားလိုက်ပါတယ်။ တွဲဖက်အားကစားဝေဖန်သူ နှင့် အာဆင်နယ်ကစားသမားဟောင်း မာတင်ကီယွန်းက သူ့ကိုယ်သူ မကူညီနိုင်ဘဲ "သူပျောက်နေတာက ချဲလ်ဆီးအသင်းနဲ့ ခပ်ဆင်ဆင်တူပါတယ်"လို့ ကိုးလ်နှင့် ချဲလ်ဆီးကို ခနဲ့တဲ့တဲ့ ပြောကြားလိုက်ပါတယ်။ "အာဆင်နယ်ပရိသတ်တွေဆီက မီးပန်းတွေဖောက်တာ ကျွန်တော်ကြားခဲ့ရပါတယ်။ ၅ ပွဲလောက် ကစားဖို့လိုနေသေးတဲ့အတွက် အောင်ပွဲခံဖို့က အရမ်းစောသေးတယ်လို့ ကျွန်တော်ထင်ပါတယ်"လို့ ကိုးလ်နှင့် သိပ်အဆင်မပြေဖြစ်နေတဲ့ ကီယွန်းက ပြောကြားလိုက်ပါတယ်။

လီဗာပူးကို အနိုင်ရပြီးနောက် ကလပ်ရဲ့တရားဝင်ဓာတ်ပုံဆရာရဲ့ ကင်မရာကို ယူပြီး ဓာတ်ပုံရိုက်ခဲ့တဲ့ အိုဒီဂတ်ကို ဂျေမီကာရေဂါက ပြစ်တင်ဝေဖန်ခဲ့ဖူးတာကြောင့် အာဆင်နယ်ဟာ မကြာခဏဆိုသလို အပြင်းအထန်ဝေဖန်ခြင်းခံနေရပါတယ်။
"ပွဲကို အနိုင်ရရှိပြီးသွားရင် ဥမျှင်ထဲသို့ ဆင်းလိုက်ပါတော့။ အနိုင် ၃ မှတ်ဆိုတာက အရမ်းကိုကောင်းပြီး ဆုဖလားပြိုင်ဆိုင်မှုသို့ရောက်ရှိနေပါတယ်။ ဥမျှင်ထဲကို ဆင်းလိုက်ပါတော့"လို့ အဲ့ဒီအချိန်တုန်းက ကာရေဂါက Sky Sports တွင် ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ လာမယ့်တနင်္ဂနွေနေ့မှာ မြောက်လန်ဒန်ဒါဘီအဖြစ် အဝေးကွင်းမှာ တော့တင်ဟမ်နှင့် ကစားရမှာဖြစ်ပြီး လီဗာပူးက အဲဗာတန်နဲ့ ဝက်စ်ဟမ်းတို့ပွဲမှာ အနိုင်ရခဲ့ရင် ဒုတိယနေရာကို ပြန်လည်ရောက်ရှိသွားနိုင်ပါတယ်။

#ချဲလ်ဆီး #အာဆင်နယ် #ဂျိုကိုးလ် #ပရီးမီးယားလိဂ်