ရှေ့သို့
Image

မုဒိမ်းမှု စွပ်စွဲချက်တွေကြောင့် ကလပ်ရဲ့ ဆိုင်းငံ့ခြင်းကို ခံလိုက်ရတဲ့ ပရီးမီးယားလိဂ်ကစားသမား ၂ ဦး

10:18 AM, 25 April

အဆိုပါ ကစားသမား ၂ ဦးဟာ ကလပ်တစ်ခုတည်းအတွက် ကစားပေးနေကြသူတွေဖြစ်ပြီး ပြီးခဲ့တဲ့ရက်သတ္တပတ်ရဲ့ မတူညီတဲ့ ရက်တွေမှာ ဖမ်းဆီးခြင်းခံခဲ့ရတာဖြစ်ပါတယ်။

မုဒိမ်းမှုကျူးလွန်ရာတွင် ကူညီဆောင်ရွက်ပေးခြင်းနှင့် မုဒိမ်းမှုကျူးလွန်တဲ့ သံသယဖြင့် ပထမဆုံးကစားသမားကို တရားဝင်ဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။ သူဟာ အာမခံနဲ့ မလွတ်ခင်မှာ ထောင်ထဲမှာ တစ်ညနေခဲ့ရပါတယ်။ နောက်တစ်ရက်အကြာတွင် ဒုတိယကစားသမားတစ်ဦးကို မုဒိမ်းမှုသံသယဖြင့် ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။ ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှုရလဒ်ကို မထုတ်ပြန်ခင်အချိန်အထိ အဆိုပါ ကစားသမား ၂ ဦးကို သူတို့တို့ရဲ့ကလပ်က ဆိုင်းငံ့ထားကြောင်း The Sun က ဖော်ပြထားပါတယ်။

ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက "မုဒိမ်းမှုကျူးလွန်ကြောင်း သတင်း ရရှိခဲ့ပြီးနောက် ရဲတပ်ဖွဲ့က အမျိုးသား ၂ ဦးကို ဖမ်းဆီးလိုက်ပါတယ်" "အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးကို မုဒိမ်းမှုကျူးလွန်ရာမှာ ကူညီပေးမှုနဲ့ မုဒိမ်းမှုကျူးလွန်တယ်လို့ သံသယနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။ ဒုတိယ အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးတော့ အဓမ္မပြုကျင့်မှုဖြင့် ဖမ်းဆီးခဲ့ပါတယ်" "သူတို့ ၂ ဦးစလုံးကို ရဲက အာမခံနဲ့ ပြန်လွှတ်ပေးထားပါတယ်"လို့ ပြောဆိုထားပါတယ်။

ပရီးမီးယားလိဂ်ဟာ ၂၀၂၂ ခုနှစ်အတွင်း ကစားသမားများနှင့် ဝန်ထမ်းများအတွက် ကလပ်အသင်းများတွင် မဖြစ်မနေတက်ရောက်ရမယ့် လိင်ပိုင်းဆိုင်ရာ သဘောတူညီမှု သင်တန်းကို မိတ်ဆက်ခဲ့ပါတယ်။ မေဆင်ဂရင်းဝုဒ် နှင့် ဘင်ဂျမင်မန်ဒီတို့ အပါအဝင် ပရီးမီးယားလိဂ်ရှိ ကစားသမားများပါ၀င်တဲ့ အဖြစ်အပျက်တွေကလည်း ရှိခဲ့တာဖြစ်ပါတယ်။

#ပရီးမီးယားလိဂ်