ရှေ့သို့
Image

မာဆေးဆိုက်ရှုံးပွဲအပြီး လီဗာပူးကစားသမားတွေနဲ့ ကိုယ့်ကိုယ်ကိုယ် မှန်ထဲပြန်ကြည့်သင့်တယ်လို့ ဗန်ဒိုက် ဝေဖန်

9:51 AM, 25 April

ဗာဂျီဗန်ဒိုက်က လီဗာပူးအသင်းအနေနဲ့ ခြေစွမ်းတိုးတက်မှု မရှိဘူးဆိုရင် ပရီးမီးယားလိဂ် ချန်ပီယံလုပွဲကနေ ထွက်ခွာရလိမ့်မယ်လို့ ဝန်ခံသွားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ မနေ့ညက မာဆေးဆိုက်ဒါဘီမှာ အဲဗာတန်ကို နှစ်ဂိုးပြတ် အရေးနိမ့်ခဲ့ပြီး မန်စီးတီးနဲ့ အာဆင်နယ်ကို အခွင့်အရေးပေးသလို ဖြစ်ခဲ့ပါတယ်။ ပွဲအပြီးမှာ​တော့ အသင်းခေါင်းဆောင် ဗန်ဒိုက်က ခြေစွမ်းဆိုးရွားခဲ့တဲ့ အသင်းဖော်တွေကို ပြင်းထန်စွာ ဝေဖန်သွားခဲ့ပါတယ်။

ဗန်ဒိုက်က "အားလုံးက ကိုယ့်ကိုယ်ကိုယ် မှန်ထဲပြန်ကြည့်ပြီး အစွမ်းကုန်ပေးဆပ်ခဲ့သလားဆိုတာ မေးခွန်းထုတ်သင့်ပါတယ်။ သူတို့က လိဂ်ဖလားကို တကယ်ရောရချင်ရဲ့လား? ကျွန်တော်တို့ ဆုဖလားအတွက် တိုက်ပွဲဝင်နေပြီး ဒီညပွဲအပြီးမှာလည်း ကစားဖို့ ပွဲတွေကျန်နေပါသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီညကစားသလိုသာ ဆက်ကစားပြီး ဖရီးကစ်တွေ ခဏခဏပေးနေဦးမယ်ဆိုရင် ဆုဖလားရဖို့ အခွင့်အရေးတွေရှိမှာ မဟုတ်ပါဘူး။ ဒီရှုံးပွဲက ခက်ခဲပြီး တန်းဆင်းဇုန်နားမှာ ရုန်းကန်နေတဲ့အသင်းကို ကျွန်တော်တို့ ဒီထက်ပိုကောင်းအောင် ကစားနိုင်ခဲ့သင့်တာပါ"လို့ ပြောခဲ့ပါတယ်။

လီဗာပူးအသင်းဟာ စနေညမှာ ဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ်ပွဲစဥ် ဆက်ကစားရမှာ ဖြစ်ပါတယ်။

#လီဗာပူး #အဲဗာတန် #ဗန်ဒိုက် #ပရီးမီးယားလိဂ်