ရှေ့သို့
Image

ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ ပတ်သက်ပြီး ဟောကိန်းထုတ်လိုက်တဲ့ ဂျွန်တယ်ရီ

8:37 AM, 25 April

ချဲလ်ဆီးဂန္ထဝင်ဟောင်း ဂျွန်တယ်ရီက ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ပတ်သက်ပြီး ဟောကိန်းထုတ်လိုက်ပါတယ်။

အာဆင်နယ်ဟာ အင်္ဂါနေ့တုန်းက ချဲလ်ဆီးကို ၅ ဂိုးပြတ် အနိုင်ရပြီးနောက် အမှတ်ပေးဇယားကို ၃ မှတ်ဖြတ်ဦးဆောင်နိုင်ခဲ့ပြီး လီဗာပူးက အဲဗာတန်နဲ့ကန်ရမှာဖြစ်ပါတယ်။ မန်စီးတီးကတော့ ၂ ပွဲ ကျန်နေပြီး ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ရှိနေပါတယ်။ ဂွါဒီယိုလာရဲ့အသင်းဟာ လာမယ့်ကြာသပတေးနေ့မှာ ဘရိုက်တန်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဂျွန်တယ်ရီက ချန်ပီယံဆုအတွက် တွေဝေမှုမရှိပဲ မန်စီးတီးကို အဆင့် ၁ နေရာမှာ ရွေးချယ်ခဲ့ပါတယ်။ လီဗာပူးကိုတော့ အဆင့် ၂ နေရာမှာ ရွေးချယ်ခဲ့ပြီး အာဆင်နယ်ကို အဆင့် ၃ နေရာမှာ ရွေးချယ်ခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက်က အဆင့် ၄ နေရာမှာ ရပ်တည်မယ်လို့ ရွေးချယ်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ လက်ရှိအဆင့် ၄ နေရာက ဗီလာအသင်းနဲ့ ၁၆ မှတ်အကွာမှာ ရပ်တည်နေပြီး လက်ထဲ ၂ ပွဲကျန်နေသေးတာဖြစ်ပါတယ်။ ဒါ့အပြင် အဆင့် ၅ နေရာက တော့တင်ဟမ်နဲ့ ၁၀ မှတ်ကွာဟနေပြီး တယ်ရီက တော့တင်ဟမ်အနေအထားကို ခန့်မှန်းဖို့ ငြင်းဆန်ခဲ့ပါတယ်။

ရွှေဖိနပ်ဆုအတွက်တော့ တယ်ရီဟာ ဆွန်ဟောင်မင်ကို မရွေးချယ်ခဲ့သလို လက်ရှိမှာတော့ တော့တင်ဟမ်အသင်းခေါင်းဆောင်ဟာ ပရီးမီးယားလိဂ် ၁၅ ဂိုး သွင်းယူထားကာ ဟာလန်းနဲ့ ပယ်လ်မာတို့နောက် ၅ ဂိုးကွာဟနေပါတယ်။ တယ်ရီက သူတိ့ုနောက်မှာ ဗီလာစတား ဝက်တ်ကင်းစ်ကိုရွေးချယ်ခဲ့ပါတယ်။

ဗီလာစတားဟာ ဒီရာသီ ၁၉ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ တယ်ရီဟာ တော့တင်ဟမ်နဲ့ ပတ်သက်လို့ ခါးသီးမှုတွေရှိခဲ့တာဖြစ်ပြီး အခုရာသီအစောပိုင်းတုန်းက ၉ ယောက်ကျန် တော့တင်ဟမ်ကို ချဲလ်ဆီးက ၄-၁ နဲ့အနိုင်ရပြီးနောက် သူ့မိန်းမဖြစ်သူနဲ့အောင်ပွဲခံတဲ့ပုံကို တင်ခဲ့ပါတယ်။

တယ်ရီက လာမယ့်ကြာသပတေးနေ့ တော့တင်ဟမ်နဲ့ ပွဲမှာလည်း အသင်းဟောင်း ချဲလ်ဆီးအနိုင်ကန်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

#ချဲလ်ဆီး #ဂျွန်တယ်ရီ #ပရီးမီးယားလိဂ်