ရှေ့သို့
Image

ဘရိုက်တန်နဲ့ ပွဲမတိုင်ခင် ဟာလန်းဒဏ်ရာ အခြေအနေကို ထုတ်ဖော်ပြောကြားလိုက်တဲ့ ဂွါဒီယိုလာ

8:27 AM, 25 April

ရီးရဲလ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒဏ်ရာ ရခဲ့တဲ့ ဟာလန်းတစ်ယောက် ပြီးခဲ့တဲ့ ချဲလ်ဆီးနဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲကို လွဲချော်ခဲ့ပါတယ်။ အခုချိန်မှာလည်း ဂွါဒီယိုလာက ဟာလန်းတစ်ယောက် ဘရိုက်တန်နဲ့ပွဲမှာ ပါဝင်နိုင်ဖို့ မသေချာသေးကြောင်း အတည်ပြုလာခဲ့ပါတယ်။

“ဟာလန်းအခြေအနေက မနက်ဖြန်အတွက် အဆင်သင့်မဖြစ်သေးပါဘူး။ အဲ့တာက ပြဿနာကြီးမဟုတ်ပါဘူး။ ဒါပေမယ့် သူဒီပွဲကိုလွဲချော်မှာပါ”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

စီးတီးဟာ အာဆင်နယ်၊ လီဗာပူးတို့နောက်ကနေ လိုက်ကစားနေရတာဖြစ်ပြီး လက်ထဲ ၂ ပွဲကျန်နေပါတယ်။ ဘရိုက်တန်နဲ့ပွဲအပြီးမှာ စီးတီးဟာ နော်တင်ဟမ်ဖောရက်စ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဟာလန်းဟာ ဒီရာသီ ၆ ပွဲသာ လွဲချော်ထားပြီး ဒီဇင်ဘာကနေ ဖေဖော်ဝါရီထိ ခြေထောက်ဒဏ်ရာကြောင့် ၂ လလောက်နားခဲ့ရသလို အခုလအစောပိုင်းတုန်းက အက်စ်တွန်ဗီလာနဲ့ပွဲကိုလည် နားခဲ့ရပါတယ်။

ဘရိုက်တန်နဲ့ပွဲမှာ ဂျွန်စတုန်းနဲ့ ဖိုဒန်တို့ ပြန်လာနိုင်မှာဖြစ်ပြီး ဟာလန်းအခြေအနေက နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာမှ ပြန်လာနိုင်ဖို့များနေပါတယ်။

#ဘရိုက်တန် #ဂွါဒီယိုလာ #ဟာလန်း #ပရီးမီးယားလိဂ်