ရှေ့သို့
Image

ဒုတိယမြောက်သွင်းဂိုးနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ ဘင်ဝှိုက်

2:26 PM, 24 April

ချဲလ်ဆီးအသင်းကို ၅ ဂိုးပြတ် အနိုင်ရပြီးနောက် ဘင်ဝှိုက်က အဆိုပါရလဒ်နဲ့ ပတ်သက်ပြီး ဝမ်းသာနေပါတယ်။ ဒါပေမယ့် ဒုတိယသွင်းဂိုးက သူ့အနေနဲ့ ဂိုးသွင်းဖို့ ရည်ရွယ်တာမဟုတ်ဘူးလို့ ဝန်ခံပြောကြားခဲ့ပါတယ်။

“အဲ့တာက ဂိုးထဲဝင်သွားလို့ အံ့အားသင့်ခဲ့ရတယ်လို့ ကျွန်တော်ထင်ပါတယ်။ မာတင်ရဲ့ပေးပို့မှုကောင်းခဲ့သလို ကျွန်တော်လည်း ကံကောင်းခဲ့တာပါ။ ကျွန်တော်ဖြတ်တင်ပေးပို့ခဲ့တာပါ။ ဒါပေမယ့် အဲ့တာက ဂိုးဝင်သွားခဲ့ပါတယ်။ ၅ ဂိုးနဲ့ ၃ မှတ်ပြည့်ရခဲ့တာက တကယ်ကောင်းတဲ့ရလဒ်ပါ။ ပထမပိုင်းမှာ ကျွန်တော်တို့ အခွင့်အရေးကောင်းတွေရခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဂိုးအဖြစ် ပိုပြောင်းလဲနိုင်ခဲ့ပါတယ်။ ဒီရာသီမှာ ဘာလုပ်ချင်လဲဆိုတာ ကျွန်တော်တို့သိပါတယ်။ အားလုံးမှာ တူညီတဲ့လုပ်အားနဲ့ ရည်မှန်းချက်ရှိပါတယ်။ အခုနိုင်ပွဲက တကယ်ကောင်းခဲ့သလို ဒီပွဲက စိတ်ခွန်အားရစေမှာ အမှန်ပါ။ ကျွန်တော်တို့ အတွက် ကြီးမားတဲ့နိုင်ပွဲဖြစ်ပြီး ၃ မှတ်ပြည့်လည်းယူနိုင်ခဲ့ပါတယ်”လို့ ဘင်ဝှိုက်က ပြောကြားခဲ့ပါတယ်။
#ချဲလ်ဆီး #ဘင်ဝှိုက် #ပရီးမီးယားလိဂ်