ရှေ့သို့
Image

ဘရိုက်တန်နဲ့ ပွဲမတိုင်မီ လေ့ကျင့်ရေးမဆင်းနိုင်သေးတဲ့ ဟာလန်းနှင့် ဖိုဒန်

1:08 PM, 24 April

ပြီးခဲ့တဲ့ရက်သတ္တပတ်က ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဟာလန်းက ကြွက်သားဒဏ်ရာ ရရှိခဲ့တာကြောင့် စနေနေ့က ကစားခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။ ဖိုဒန်ကတော့ ပွဲချိန်ပြည့်ပါဝင်ခဲ့ပြီး ဘာနာဒိုဆေးလ်ဗားရဲ့ နောက်ကျဂိုးကြောင့် ချဲလ်ဆီးအား အနိုင်ရရှိခဲ့ပြီး လာမယ့်လတွင် အက်ဖ်အေဖလား ဗိုလ်လုပွဲအဖြစ် ယူနိုက်တက်နှင့် ကစားရမှာဖြစ်ပါတယ်။

မန်စီးတီးဟာ ကြာသပတေးနေ့ ဘရိုက်တန်သို့ သွားရောက်ကစားမယ့် ပွဲမတိုင်မီ အင်္ဂါနေ့တွင် လေ့ကျင့်ရေးပြုလုပ်ခဲ့သော်လည်း ဟာလန်း နှင့် ဖိုဒန်တို့ ၂ ဦးစလုံးက မပါဝင်နိုင်ခဲ့ပါဘူး။ သို့သော်လည်း ဝင်ဘလေတွင် ချဲလ်ဆီးအား အနိုင်ရရှိခဲ့တဲ့ပွဲတွင် ဒဏ်ရာရရှိခဲ့တဲ့ ဂျွန်စတုန်းကတော့ လေ့ကျင့်ခန်းဆင်းနိုင်ခဲ့ပါတယ်။

စနေနေ့ ချဲလ်ဆီးနဲ့ ကစားမယ့် အက်ဖ်အေဖလားပွဲ မတိုင်ခင် ဟာလန်းအကြောင်း မေးတဲ့အခါ ပက်ဂွါဒီယိုလာက "သူ ဒဏ်ရာရရှိနေပါတယ်။ အများကြီးတော့ မထင်ထားပေမယ့် ဒီနေ့တော့ သူ ကစားနိုင်မှာမဟုတ်ပါဘူး" လို့ ဖြေပါတယ်။ လာမယ့်ကြာသပတေးနေ့တွင် ဘရိုက်တန်နှင့်ပွဲတွင် ဟာလန်းပြန်လာနိုင်မလားလို့ မေးမြန်းရာ "ကျွန်တော် သေချာမသိသေးပါဘူး" လို့ နည်းပြက ဖြေပါတယ်။

မန်စီးတီးဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အာဆင်နယ်၊ လီဗာပူးတို့နဲ့ ၁ မှတ် ကွာနေပေမယ့် လက်ကျန်ပွဲ တစ်ပွဲကစားဖို့ ရှိနေပါတယ်။ ဂွါဒီယိုလာရဲ့အသင်းဟာ ကြာသပတေးနေ့ ဘရိုက်တန်နဲ့ ကစားရတဲ့အချိန်မှာ အာဆင်နယ်နဲ့ လီဗာပူးတို့က ချဲလ်ဆီးနှင့် အဲဗာတန်တို့ကိုသာ အနိုင်ရရှိခဲ့မယ်ဆိုရင် ၄ မှတ်အကွာမှာ ရှိနေနိုင်ပါတယ်။

#မန်စီးတီး #ဘရိုက်တန် #ဟာလန်း #ဖိုဒန် #ပရီးမီးယားလိဂ်