ရှေ့သို့
Image

ဗီလာနဲ့ သက်တမ်းတိုးခဲ့ပြီဖြစ်တာကြောင့် နည်းပြသစ် ရှာဖွေရတော့မယ့် ဘိုင်ယန်

8:31 AM, 24 April

အက်စ်တွန်ဗီလာအသင်းဟာ နည်းပြ အမ်မရီကို ကာလရှည်စာချုပ်သက်တမ်းတိုးခဲ့ပြီ ဖြစ်တာကြောင့် ဘိုင်ယန်အနေနဲ့ အခြားနည်းပြတစ်ဦး ရှာဖွေရတော့မှာဖြစ်ပါတယ်။ အသက် ၅၂ နှစ်သားဟာ ၂၀၂၂ အောက်တိုဘာတုန်းက ဗီလာရီးရဲလ်ကနေ ဗီလာအသင်းထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဂျရတ်နေရာကို ဆက်ခံခဲ့တာဖြစ်ပါတယ်။

စပိန်သားကို ခန့်အပ်တုန်းက ၂ ပွဲသာ အနိုင်ရခဲ့ပေမယ့် အဆိုပါရာသီမှာ ၁၆ ပွဲအထိ အနိုင်ရရှိခဲ့ပြီး အဆင့် ၇ နေရာအထိ ပို့ဆောင်နိုင်ခဲ့ကာ ကွန်းဖရန့်လိဂ်ဝင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ဒီရာသီမှာတော့ အမ်မရီရဲ့အသင်းဟာ အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ နီးစပ်နေပါတယ်။ ပြီးခဲ့တဲ့အပတ်တွေတုန်းက အင်တာဗျူးတစ်ခုမှာ အမ်မရီက သူ့အနေနဲ့ ဗီလာအသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုတွေရယူချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော့်အိပ်မက်က ဗီလာအသင်းနဲ့အတူ ဆုဖလားအောင်မြင်မှု ရယူနိုင်ဖို့ပါ။ အဲ့တာက အစကတည်းက ကျွန်တော့်ပုဂ္ဂိုလ်ရေးစိန်ခေါ်မှုပါ။ ဒုတိယပစ်မှတ်က ဗီလာအသင်းနဲ့အတူ ဥရောပမှာ ပါဝင်ခွင့်ရဖို့ပါ။ အခုတော့ နောက်ပွဲအကြောင်း စတင်တွေးနေပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ကောင်းမွန်တဲ့ အမှတ်ပေးဇယားရပ်တည်မှုမှာ မရှိတာကြောင့်ပါ။ ဒီမှာ အချိန်အကြာကြီး ရှိနေချင်ပါတယ်။ ကျွန်တော်တို့ အိပ်မက်နဲ့ ရည်မှန်းချက်က အတူတူပါပဲ။ ရည်မှန်းချက်တူညီတာကြောင့် ကျွန်တော်တို့ တိုးတက်အောင်လုပ်ဆောင်ရပါမယ်”လို့ အမ်ရီက ပြောကြားခဲ့ပါတယ်။

အဲ့အချိန်တုန်းက ဗီလာဟာ အဆင့်ရပ်တည်မှုနိမ့်ပါးနေပြီး အခုချိန်မှာတော့ အဆိုပါရာသီနဲ့မတူညီတော့တာဖြစ်ပါတယ်။ အက်သလက်တစ်သတင်းဌာနကလည်း ဗီလာဟာ အမ်မရီကို ၂၀၂၇ မတိုင်ခင်အထိ စာချုပ်သစ်ချုပ်ဆိုခဲ့ပြီဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

ဗီလာတာဝန်ရှိသူတွေက အမ်မရီဟာ ယူနိုက်တက်မှာ ဖာဂူဆန်လုပ်ပြသလို လုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ အာဆင်နယ်နည်းပြဟောင်း တူချယ်နေရာမှာ အစားထိုးဖို့ ဘိုင်ယန်က ချိတ်ဆက်နေပါတယ်။

ဘိုင်ယန်ဟာ အလွန်ဆိုကို စတင်ချိတ်ဆက်ခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် တူချယ်ကို ပြောင်းလဲချိတ်ဆက်ခဲ့တာဖြစ်ပါတ်။ ဒါပေမယ့် အခုထွက်ပေါ်လာတဲ့ သတင်းတွေအရ ဇီဒန်းဟာ ဘိုင်ယန်နည်းပြသစ်ဖြစ်လာမယ်လို့ ဖော်ပြနေကြပါတယ်။

ရမ်နစ်ကိုလည်း ဆွေးနွေးနေပြီး အသက် ၆၅ နှစ်သားဟာ အတွေ့အကြုံပြည့်ဝတာကြောင့် ဘိုင်ယန်အတွက် မျက်စိကျစရာဖြစ်နေပါတယ်။

#အက်စတွန်ဗီလာ #ဘိုင်ယန်မြူးနစ် #အမ်မရီ #ပရီးမီးယားလိဂ်