ရှေ့သို့
Image

လီဗာပူး ဒါမှမဟုတ် ဝက်စ်ဟမ်းအသင်း နည်းပြဖြစ်လာဖွယ်မရှိတဲ့ အာမိုရင်

8:20 AM, 24 April

ပေါ်တူဂီကလာတဲ့သတင်းတွေအရ စပို့တင်းနည်းပြ အာမိုရင်တစ်ယောက် လီဗာပူး ဒါမှမဟုတ် ဝက်စ်ဟမ်းနည်းပြဖြစ်လာဖွယ်မရှိဘူးလို့ သိရပါတယ်။

စပို့တင်နည်းပြကို ပရီးမီးယားလိဂ်ကလပ်အသင်း ၂ သင်းက စိတ်ဝင်စားနေပြီး ကလော့ပ်ကလည်း ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာမှာဖြစ်သလို ဝက်စ်ဟမ်းကလည်း မိုယက်စ်နေရာမှာ အစားထိုးချင်နေပါတယ်။ အာမိုရင်ဟာ တနလာၤနေ့တုန်းက လန်ဒန်ကိုလာခဲ့တယ်လို့ သတင်းတွေက ဖော်ပြနေကြပြီး ဝက်စ်ဟမ်းနဲ့ဆွေးနွေးခဲ့တယ်လို့ ယုံကြည်ရတာဖြစ်ပါတယ်။

အသက် ၃၉ နှစ်သားဟာ တနလာၤညနေခင်းမှာပဲ လစ္စဘွန်းကိုပြန်လည် ရောက်ရှိလာခဲ့ပြီး နေ့ချင်းပြန်သွားရောက်ခဲ့တာလို့ ယူဆရပါတယ်။ လီဗာပူးဟာ အလွန်ဆိုကိုချိတ်ဆက်ခဲ့ပေမယ့် စပိန်သားဟာ လက်ရှိကလပ် လေဗာကူဆင်အသင်းကနေ ထွက်ခွာမှာ မဟုတ်ဘူးလို့ အတည်ပြုခဲ့ပါတယ်။

နည်းပြနဲ့နီးစပ်တဲ့သတင်းတွေအရ အာမိုရင်ဟာ လာမယ့်ရာသီမှာ လီဗာပူး ဒါမှမဟုတ် ဝက်စ်ဟမ်းအသင်းရဲ့ နည်းပြဖြစ်လာဖွယ်မရှိဘူးလို့ ဆိုပါတယ်။ အာမိုရင်အနေနဲ့ ထွက်ခွာဖို့ဆုံးဖြတ်ခဲ့ရင်တောင် အင်္ဂလန်က သူ့ရဲ့ဦးစားပေးမဟုတ်နိုင်တာဖြစ်ပါတယ်။

လက်ရှိမှာတော့ အာမိုရင်ဟာ စပို့တင်းအသင်းကို အမှတ်ပေးချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနေပြီး အဆင့် ၁ နေရာမှာ ၇ မှတ်ဖြတ်ကာ ဦးဆောင်နေပါတယ်။ အာမိုရင်ရဲ့စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၁၂.၈ သန်းသာရှိနေတာကြောင့် အင်္ဂလန်ကလပ်တွေအတွက် ခေါ်ယူဖို့ မခက်ခဲနိုင်တာဖြစ်ပါတယ်။ လီဗာပူးအသင်းရဲ့ ပစ်မှတ်ထဲမှာ ဘရိုက်တန်နည်းပြ ဒီဇာဘီနဲ့ ဖီယင်နုနည်းပြ စလော့တ်တို့လည်း ပါဝင်နေသလို မော်ရင်ဟိုကိုလည်း ချိတ်ဆက်နေကာ ပြီးခဲ့တဲ့ဖူလ်ဟမ်ကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ လာရောက်ကြည့်ရှုခဲ့သေးတာဖြစ်ပါတယ်။

လီဗာပူး နည်းပြနေရာအတွက် မော်ရင်ဟိုရဲ့ အလေးပေးမှုက ၅၀ လေး ၁ လေးကနေ ၂၅ လေး ၁ လေးအထိ ရှိလာခဲ့ပါတယ်။ ဒါပေမယ့် သတင်းတွေအရ မော်ရင်ဟိုဟာ မာကိုဆေးလ်ဗားနဲ့ ရင်းနှီးတာကြောင့် လာရောက်အားပေးတာလို့ သိရပါတယ်။

#လီဗာပူး #ဝက်စ်ဟမ်း #ပရီးမီးယားလိဂ် #အာမိုရင်