ရှေ့သို့
Image

ပရီးမီးယားလိဂ် ပွဲစဉ် (၂၉) ပွဲကျန်မှ အာဆင်နယ် - ချဲလ်ဆီး ပွဲကြိုခန့်မှန်းချက် (နံနက် ၁း၃၀)

12:47 PM, 23 April

အာဆင်နယ် ဒဏ်ရာရလူစာရင်း - တင်ဘား
ချဲလ်ဆီး ဒဏ်ရာရလူစာရင်း - ဖိုဖာနာ၊ အူဂိုချူကူ၊ ရီစီဂျိမ်းစ်၊ ကိုဝဲလ်၊ လာဗီယာ၊ အန်ကွန်ကူ(သေချာပေါက်လွဲ)၊ ချီဝဲလ်၊ ဂတ်စ်တို၊ ပယ်လ်မာ (မသေချာ)

အာဆင်နယ်အသင်းဟာ နှစ်ပွဲဆက်ရှုံးပွဲကြုံခဲ့မှုကို ၀ုဗ်နဲ့ပွဲစဉ်မှာ နှစ်ဂိုးပြတ်နိုင်ပွဲနဲ့အတူ ရပ်တန့်နိုင်ခဲ့ပါတယ်။ အဆိုပါနိုင်ပွဲကြောင့် အာဆင်နယ်အသင်းဟာ ဇယားထိပ်မှာ ရပ်တည်နိုင်ခဲ့သလို ယနေ့ညမှာလည်း အမှတ်ဖြတ်ထားနိုင်ဖို့ နိုင်ပွဲရရန် လိုအပ်နေပါတယ်။ ချဲလ်ဆီးက မန်စီးတီးနဲ့ပွဲမှာ အခွင့်အရေးပေါင်းများစွာကို ဖြန်းတီးပစ်ခဲ့ကာ ရှုံးပွဲကြုံပြီး အက်ဖ်အေဖလားက ထွက်ခဲ့ရပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်မှာတော့ အဲဗာတန်ကို ဂိုးပြတ်သွင်းပြီး ကျေနပ်စရာ ခြေစွမ်းမျိုးကို ပြသထားပါတယ်။ အာဆင်နယ်ရဲ့အကျောပေးမှုက အလွန်ပြင်းထန်သလို ချဲလ်ဆီးရဲ့ခြေကလည်း မယုံရတာကြောင့် ဂန်းနားတွေပဲ အောင်ပွဲခံသွားဖို့များပါတယ်။
 
အာဆင်နယ် - ချဲလ်ဆီး ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်
-----------------------------------------------------------------
ချဲလ်ဆီး ၂ - ၂ အာဆင်နယ် (၂၁-အောက်တိုဘာ-၂၀၂၃)
အာဆင်နယ် ၃ - ၁ ချဲလ်ဆီး (၃-မေ-၂၀၂၃)
ချဲလ်ဆီး ၀ - ၁ အာဆင်နယ် (၆-နိုဝင်ဘာ-၂၀၂၂)
အာဆင်နယ် ၄ - ၀ ချဲလ်ဆီး (၂၄-ဇူလိုင်-၂၀၂၂)
ချဲလ်ဆီး ၂ - ၄ အာဆင်နယ် (၂၁-ဧပြီ-၂၀၂၂)
.
အာဆင်နယ် နောက်ဆုံး (၅) ပွဲရလဒ်
----------------------------
ဝုဗ် ၀ - ၂ အာဆင်နယ် (၂၁-ဧပြီ-၂၀၂၄)
ဘိုင်ယန်မြူးနစ် ၁ - ၀ အာဆင်နယ် (၁၈-ဧပြီ-၂၀၂၄)
အာဆင်နယ် ၀ - ၂ အက်စတွန်ဗီလာ (၁၄-ဧပြီ-၂၀၂၄)
အာဆင်နယ် ၂ - ၂ ဘိုင်ယန်မြူးနစ် (၁၀-ဧပြီ-၂၀၂၄)
ဘရိုက်တန် ၀ - ၃ အာဆင်နယ် (၆-ဧပြီ-၂၀၂၄)
.
ချဲလ်ဆီး နောက်ဆုံး (၅) ပွဲရလဒ်
---------------------------------
မန်စီးတီး ၁ - ၀ ချဲလ်ဆီး (၂၀-ဧပြီ-၂၀၂၄)
ချဲလ်ဆီး ၆ - ၀ အဲဗာတန် (၁၆-ဧပြီ-၂၀၂၄)
ရှက်ဖီးလ်ယူနိုက်တက် ၂ - ၂ ချဲလ်ဆီး (၇-ဧပြီ-၂၀၂၄)
ချဲလ်ဆီး ၄ - ၃ ယူနိုက်တက် (၅-ဧပြီ-၂၀၂၄)
ချဲလ်ဆီး ၂ - ၂ ဘန်လေ (၃၀-မတ်-၂၀၂၄)

#ပွဲကြိုသုံးသပ်ချက် #ချဲလ်ဆီး #အာဆင်နယ် #ပရီးမီးယားလိဂ်