ရှေ့သို့
Image

သူ့ရဲ့နည်းစနစ်အကြောင်း ထောက်ပြလိုက်တဲ့ ချဲလ်ဆီး နည်းပြဟောင်း မော်ရင်ဟို

10:26 AM, 23 April

ပြီးခဲ့တဲ့လတုန်းက အာဆင်နယ်နဲ့ မန်စီးတီးတို့ ကစားခဲ့တဲ့ပွဲမှာ အာဆင်နယ်က အဝေးကွင်းမှာ အဖိုးတန်သရေတစ်မှတ်ရယူနိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာ အာတီတာရဲ့ နည်းစနစ်ပိုင်းကို ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အဆိုပါပွဲကို အနိုင်မကန်ခဲ့တာကြောင့် အာတီတာကို ဝေဖန်မှုတွေရှိခဲ့ပါတယ်။

အင်တာဗျူးတစ်ခုမှာ မော်ရင်ဟိုက “ကျွန်တော် ပျော်ပါတယ်။ ဘာလို့လဲဆိုတော့ အာတီတာကို ကျွန်တော်ကြိုက်ပါတယ်။ ကျွန်တော် သူနဲ့ပတ်သက်ပြီး အားလုံးပျော်ပါတယ်။ ဒါပေမယ့် အာဆင်နယ် သရေတစ်မှတ်ရယူနိုင်ခဲ့တာက မှော်ဝင်နည်းစနစ်လို့ မီဒီယာတွေက ဖော်ပြနေကြပါတယ်။ ကျွန်တော့်အချိန်တုန်းက အဲ့တာက မှော်ဝင်နည်းစနစ်မဟုတ်ပါဘူး။ မန်စီးတီးကို ကျွန်တော် အကြိမ်ရေအနည်းငယ်အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် အဲ့တာက အံ့ဖွယ်နည်းနစ်မဟုတ်ပါဘူး။ အဲ့တာက ခံစစ်ကစားနည်းပါ။ ပန်းခြံထဲမှာ ဘတ်စ်ကားထိုးတဲ့အကွက်ပါ။ အဲ့တာက မတူညီတဲ့နည်းစနစ်တစ်ခုပါ” မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။

နည်းပြဘဝတစ်လျှောက် မော်ရင်ဟိုဟာ ခံစစ်ကစားဟန်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေခံခဲ့ရပေမယ့် ချဲလ်ဆီး ၊ အင်တာမီလန် ၊ ရီးရဲလ်တို့မှာ အောင်မြင်မှုတွေရယူနိုင်ခဲ့တာဖြစ်ပါတယ်။ မော်ရင်ဟိုဟာ ပွဲကြီးတွေမှာ ခံစစ်ပိတ်ကစားတတ်တာကြောင့် ဝေဖန်မှုတွေခံခဲ့ရတာဖြစ်ပါတယ်။

အာတီတာကတော့ အခြားတစ်ဖက်မှာ သူ့ရဲ့စွမ်းဆောင်ရည်တွေကြောင့် ချီးကျူးမှုတွေခံနေရပါတယ်။ ရိုးမားအသင်းကနေ ထွက်ခွာပြီးနောက် မော်ရင်ဟိုဟာ လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေပြီး အသင်းသစ်ရှာဖွေနေပါတယ်။

ပြီးခဲ့တဲ့အင်တာဗျူးတစ်ခုမှာ ပေါ်တူဂီသားနည်းပြက သူ့အနေနဲ့ မှန်ကန်တဲ့ အသင်းမျိုးဆိုရင် လက်ခံသွားမယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

#ချဲလ်ဆီး #မော်ရင်ဟို #ပရီးမီးယားလိဂ်