ရှေ့သို့
Image

ရီးရဲလ်မက်ဒရစ်ရဲ့စရိုက်လက္ခဏာနဲ့ ယုံကြည်မှုကို ဘာစီလိုနာတို့ မြင်တွေ့သွားခဲ့ပြီလို့ ကြွေးကြော်လိုက်တဲ့ မိုဒရစ်

4:59 PM, 22 April

ဘာစီလိုနာကို အနိုင်ယူခဲ့တဲ့ အယ်လ်ကလက်စီကိုပွဲစဉ်အပြီး ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူမိုဒရစ်က အသင်းရဲ့စိတ်ဓါတ်ပိုင်းနဲ့ပတ်သက်လို့ ချီးကျူးစကားဆိုလာပါတယ်။

ဘာနေဗျူးကွင်းအတွင်း ယှဉ်ပြိုင်ကစားတဲ့ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က ဘာစီလိုနာကို နှစ်ကြိမ်တိုင်ဦးဆောင်ဂိုးတွေ ခွင့်ပြုပေးခဲ့ရပေမယ့် ဘယ်လင်ဟမ်ရဲ့နာကျင်အချိန်ပိုသွင်းဂိုးနဲ့အတူ ၃-၂ ဂိုးဆိုတဲ့ရလဒ်ဖြင့် အနိုင်ယူခဲ့ပါတယ်။

Real Madrid TV အစီအစဉ်နဲ့တွေ့ဆုံချိန် မိုဒရစ်က “အခုနိုင်ပွဲက ကျွန်တော်တို့လိုချင်နေတဲ့ လာလီဂါချန်ပီယံဆုကြီးနဲ့ ပိုမိုနီးစပ်လာစေပါတယ်။ ကြီးကျယ်ခမ်းနားတဲ့ညတစ်ခု ဖြစ်ခဲ့ပြီး အသင်းရဲ့ကောင်းမွန်တဲ့စွမ်းဆောင်ရည်တစ်ခု ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့က ကိုယ့်ရဲ့ယုံကြည်ချက်ကို ဘယ်လိုနည်းနဲ့မှ မစွန့်လွှတ်ခဲ့ပါဘူး။ ကျွန်တော်တို့တွေ နှစ်ကြိမ်တိုင် ဦးဆောင်ဂိုးခွင့်ပြုပေးခဲ့ရပေမယ့် ဆက်ပြီး တွန်းအားပေး အကောင်းဆုံးကစားနေခဲ့ပါတယ်။ အဆုံးမှာတော့ ကျွန်တော်တို့ ပြန်လာနိုင်ခဲ့ပါပြီ။ ဒါက ဘာနေဗျူးမှာရှိခဲ့ဖူးတဲ့ များစွာသော အကောင်းဆုံးညတွေအနက် တစ်ခုဖြစ်ပါတယ်။

အမှန်ပါပဲ၊ ကစားသမားတွေရဲ့ အရည်အသွေးအပြင် ရှိကိုရှိရမယ့် အရာတစ်ခုလည်း ကျန်နေပါသေးတယ်။ အဲ့ဒါကတော့ မယုံကြည်နိုင်စရာစရိုက်လက္ခဏာတစ်ခုနဲ့ ယုံကြည်ချက်တို့ပဲ ဖြစ်ပါတယ်။ ဒါက မတော်တဆ ဖြစ်လာတာမျိုး မဟုတ်ပါဘူး။ ခဏခဏဖြစ်ပေါ်နေတယ်ဆိုရင် တိုက်ဆိုင်မှုလို့ မယူဆနိုင်တော့ပါဘူး။ ကျွန်တော်တို့ကို တွန်းအားပေးနေတဲ့ ဒီအသင်းကြီးနဲ့ပတ်သက်တဲ့ အရာတွေ ရှိနေပါတယ်။ ဒီနေ့လိုမျိုး အိမ်ကွင်းပရိသတ်ကြီးနဲ့အတူ တိုက်ပွဲဝင်ရတာ အရာရာတိုင်းကို လွယ်ကူသွားစေပါတယ်။

တကယ့်ကို မယုံကြည်နိုင်စရာပါပဲ။ ကျွန်တော်တို့ အရမ်းပျော်ရွှင်နေသလို ပရိသတ်ကြီးကိုလည်း ကျေးဇူးတင်ပါတယ်။ ပရိသတ်ကြီးကပဲ ကြီးကျယ်ခမ်နားမှုဆိုတဲ့ အငွေ့အသက်တွေကို ဖန်တီးပေးခဲ့တာပါ။ ဒီနေ့လိုမျိုး ကိုယ့်ကိုအားပေးနေတဲ့ ပရိသတ်ကြီးနဲ့အတူ အိမ်ကွင်းမှာကစားရတာ အရာရာတိုင်းကို လွယ်ကူသွားစေပါတယ်။ ဘာနေဗျူးကို အရမ်းကျေးဇူးတင်ပါတယ်”လို့ ပြောပါတယ်။

#လာလီဂါ #ရီးရဲလ်မက်ဒရစ် #မိုဒရစ်