ရှေ့သို့
Image

ဘာစီလိုနာကို အနိုင်ဂိုးသွင်းပြီး ရီးရဲလ်မက်ဒရစ်ရဲ့ ဟီးရိုးဖြစ်ခဲ့ပြန်တဲ့ ဘယ်လင်ဟမ်

1:33 PM, 22 April

ယမန်နေ့ညက ဘာစီလိုနာနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ အယ်လ်ကလက်စီကိုပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အတွက် အရေးပါတဲ့ အနိုင်ဂိုးကို ကွင်းလယ်လူဂျုဒ်ဘယ်လင်ဟမ်က သွင်းယူပေးခဲ့ပြီး အသင်းရဲ့ သူရဲကောင်းအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။ 

အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ပွဲပြီးကာနီးအချိန်ပိုမှ နောက်ကျအနိုင်ဂိုးကို သွင်းယူပေးခဲ့တာကြောင့် ပထမအကျော့ကအတိုင်း နောက်ထပ်တစ်ကြိမ် တူညီတဲ့ စွမ်းဆောင်မှုမျိုးကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။ 


ယခုသွင်းဂိုးကြောင့် ဘယ်လင်ဟမ်ဟာ ဒီရာသီမှာ လာလီဂါသွင်းဂိုး ၁၇ ဂိုးအထိရှိလာခဲ့ပြီး ရာသီမကုန်ခင်မှာပဲ ဂိုး ၂၀ အထိသွင်းယူနိုင်ဖို့ အလားအလာကောင်းတစ်ခုကို ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ သို့သော်လည်း ကွင်းလယ်လူဟာ သူ့ကိုယ်သူ နှိမ့်ချခဲ့ပြီး အသင်းဖော်ကွင်းလယ်လူတစ်ဦးကို ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ 


ဘယ်လင်ဟမ်ချီးကျူးခဲ့တဲ့ကွင်းလယ်လူမှာ လူးကပ်စ်ဗက်ဇ်ကွက်ဇ်ဖြစ်ပြီး ကစားသမားဟာ အသင်းအတွက် အရေးပါတဲ့ ဒုတိယချေပဂိုးကို သွင်းယူပေးခဲ့နိုင်တာဖြစ်ပါတယ်။ ဒီပွဲမှာ အထူးခြေစွမ်းပြသနိုင်ခဲ့တဲ့ ဗက်ဇ်ကွက်ဇ်ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က မန်စီးတီးကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာလည်း လူစားဝင်ကစားသမားအဖြစ်ပါဝင်ခဲ့ပြီး သူကန်ရတဲ့ ပင်နယ်တီကို ဝင်အောင်ကန်နိုင်ခဲ့ပါတယ်။ 


ယခုပွဲစဉ်အပြီးမှာတော့ ဘယ်လင်ဟမ်ဟာ သူ့ကိုယ်သူ ရီးရဲလ်မက်ဒရစ်နဲ့ထိုက်တန်တယ်ဆိုတာကိုသံသယဝင်ခြင်းမရှိဘဲ အသင်းဖော်တွေနဲ့အတူ အော်ဟစ်အောင်ပွဲခံနေတာကို မြင်တွေ့ခဲ့ရပါတယ်။ 

#လာလီဂါ #ဘာစီလိုနာ #ရီးရဲလ်မက်ဒရစ်