ရှေ့သို့
Image

ကိုဗင်ထရီကို ပင်နယ်တီနဲ့အနိုင်ရပြီးနောက် ယူနိုက်တက်ကစားသမားတွေကို ဝေဖန်လိုက်တဲ့ ရွိုင်ကိန်း

11:50 AM, 22 April

ယူနိုက်တက်ဂန္ထဝင်ဟောင်း ရွိုင်ကိန်းက ကိုဗင်ထရီကို ပင်နယ်တီနဲ့အနိုင်ရပြီးနောက် အောင်ပွဲခံခဲ့တာက အလွန်ရှက်စရာကောင်းတယ်လို့ မှတ်ချက်ပြုလိုက်ပါတယ်။

ယူနိုက်တက်ဟာ ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာကြောင့် မြို့ခံပြိုင်ဘက် မန်စီးတီးနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ တိုမီနေး ၊ မက်ဂွါရီ ၊ ဖာနန်ဒက်စ်တို့ရဲ့ဂိုးတွေနဲ့ ဦးဆောင်ထားနိုင်ခဲ့ပေမယ့် မထင်မှတ်ထားတဲ့အနေအထားမှာ ကိုဗင်ထရီကို ချေပဂိုးတွေပြန်ပေးလိုက်ရပြီး ပင်နယ်တီအထိ ကန်ခဲ့ရတာဖြစ်ပါတယ်။


အချိန်ပိုဒုတိယပိုင်းမှာ ကိုဗင်ထရီကစားသမား ဗစ်တာတစ်ယောက် အနိုင်ဂိုးသွင်းယူခဲ့ပေမယ့် လူကျွံနေတာကြောင့် အဆိုပါဂိုးက ပယ်ဖျက်ခံခဲ့ရပါတယ်။

အဲ့နောက် ပွဲအပြီးမှာ ယူနိုက်တက်ကစားသမားတွေအောင်ပွဲခံတာနဲ့ပတ်သက်ပြီး စွမ်းဆောင်ရည်ကျဆင်းနေတာကို အောင်ပွဲခံတာက ရှက်စရာလို့ ပြောကြားခဲ့ပါတယ်။


“သူတို့ ၃ ဂိုးပြတ်နဲ့ပွဲကိုဦးဆောင်ထားနိုင်ခဲ့တာပါ။ အဆုံးသတ်အနိုင်ရမှုက ရှက်စရာပါ။ အခုတော့ ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပြီး အလုပ်ပြီးမြောက်ခဲ့ပါပြီ။ ကျွန်တော်ယူနိုက်တက်ကိုမြင်လိုက်တိုင်းမှာ သူတို့ခက်ခက်ခဲခဲကန်နေရတာကိုပဲ မြင်ရပါတယ်။ အဲ့လိုမြင်နေရတာမျိုးကို ကျွန်တော်မကြိုက်ပါဘူး။


ပွဲအပြီးမှာ ကျွန်တော်ဖော်ပြခဲ့သလို သူတို့မှာ ဦးဆောင်နိုင်မှုအရည်အချင်းလိုအပ်နေပါတယ်။ သူတို့အုပ်စုထဲမှာ အဲ့လိုမျိုးမမြင်ရပါဘူး။ ၃ ဂိုးပြတ်နိုင်နေချိန်မှာ ချန်ပီယံရှစ်ကလပ်ကို ၃ ဂိုးပြန်ပေးလိုက်ရတယ်ဆိုတာက မဖြစ်သင့်တာပါ။

သူတို့အခွင့်အရေးတွေ ၊ ဂိုးတွေပေးနေပါတယ်။ တစ်ရာသီလုံး ကျွန်တော်တို့အဲ့တာကို မြင်လာခဲ့ပြီးပါပြီ။ ဒါပေမယ့် သူတို့အဆုံးသတ်မှာ ကံကောင်းခဲ့ပြန်ပါပြီ”လို့ ရွိုင်ကိန်းက ပြောကြားခဲ့ပါတယ်။


#မန်ချက်စတာယူနိုက်တက် #အက်ဖ်အေဖလား #ကိုပင်ဟေဂင်