ရှေ့သို့
Image

အာဆင်နယ်မှာ နေရာမရဖြစ်နေတဲ့ ရမ်စ်ဒေးလ်ကို ခေါ်ယူလိုနေတဲ့ ပရီးမီးယားလိဂ်ကလပ် ဝုဗ်

11:45 AM, 22 April

အာဆင်နယ်အပယ်ခံ ရမ်စ်ဒေးလ်ဟာ ပရီးမီးယားလိဂ်ပြိုင်ဘက်ဝုဗ်သို့ ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။

ဆော်ဒီမှ ဆက်လက်စိတ်ဝင်စားနေတဲ့ ဂိုးသမား ဟိုဆေးဆာကို မစ်လန်းကလပ်က ရောင်းချဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ် ပေါ်တူဂီကြယ်ပွင့်ဆာဟာ အေးဂျင့် ဂျော့ချ်မန်ဒက်စ်နှင့်အတူ ပြောင်းအရွှေ့အတွက် အာဏာရှိ ပွဲစားများနှင့်တွေ့ဆုံဖို့ အရှေ့အလယ်ပိုင်းသို့ သွားရောက်ဖွယ်ရှိနေပါတယ်။


ဝုဗ်အသင်းဟာ ရာသီမကုန်ခင်မှာ ဆားရဲ့နေရာမှာ အစားထိုးနိုင်ဖို့ ကြိုးစားနေပါတယ်။

အာဆင်နယ်ရဲ့ နံပါတ် ၂ ဂိုးသမားဖြစ်တဲ့ ရမ်စ်ဒေးလ်နှင့်အတူ လီဗာပူးအရန်ဂိုးသမား ကယ်လာဟာ၊ ဆန်းဒါးလန်းမှ အန်တိုနီ ပက်တာဆန်တို့ဟာ ဝုဗ်ခေါ်ယူဖို့ လျာထားတဲ့ စာရင်းမှာ ပါဝင်နေပါတယ်။

ဝုဗ်ဟာ အဆိုပါဂိုးသမားတွေထဲက တစ်ဦးဦးကို ခေါ်ယူရန် ကြိုးစားပါက ဆာ အတွက် ဆော်ဒီထံမှ ကြီးမားတဲ့အခကြေးငွေ လိုအပ်မှာဖြစ်ပါတယ်။


ဒါပေမယ့် ခရစ္စတယ်ပဲလေ့စ်ရဲ့ နံပါတ် ၁ ဂိုးသမား ဂျွန်စတုန်းရဲ့ တံတောင်ဆစ် ဒဏ်ရာကြောင့် နွေရာသီ အသင်းရဲ့ အပြောင်းအရွှေ့ပစ်မှတ် ဖြစ်လာတော့မှာ မဟုတ်ပါဘူး။

ရမ်စ်ဒေးလ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၆ ပွဲသာ ကစားပြီးရင် အာဆင်နယ်ကနေ ထွက်ခွာဖို့ အဆင်သင့်ဖြစ်နေပါပြီ။


ပြီးခဲ့တဲ့နွေရာသီက ဘရန့်ဖို့ဒ်မှအငှားလာရောက်တဲ့ ဒေးဗစ်ရာယာ ရောက်ရှိလာပြီးနောက် အာတီတာရဲ့ ဖယ်ထုတ်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

စပိန်သားရဲ့ စာချုပ်ဟာ ရာသီကုန်မှာ အမြဲတမ်းစာချုပ်ဖြစ်မှာဖြစ်ပါတယ်။ အသင်းမပြောင်းရွှေ့ပါက ရမ်စ်ဒေးလ်ဟာ အရန်ခုံတွင်သာ ဆက်လက်ရှိနေအုံးမှာဖြစ်ပါတယ်။


ကယ်လာဟာနဲ့ ပတ်သတ်ပြီး ဂိုးသမားရဲ့ ဒီရာသီ လီဗာပူးအတွက် ကောင်းမွန်တဲ့ လုပ်ဆောင်ချက်များစွာကို မြင်တွေ့ခဲ့ရပါတယ်။

အိုင်ယာလန်နိုင်ငံသားဟာ ပြိုင်ပွဲအရပ်ရပ်တွင် ၂၆ ပွဲအထိ ပါဝင်ကစားထားပြီး အန်ဖီးလ်ရှိ ပြီးခဲ့တဲ့ရာသီစုစုပေါင်းထက် ပွဲထွက်ခွင့်ပိုများခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အများစုကတော့ အလီဆင် ဒဏ်ရာရရှိနေတာကြောင့် ဖြစ်ပါတယ်။


ဘရာဇီးသား ဒဏ်ရာကပြန်ကောင်းလာခဲ့ရင် နံပါတ် ၁ နေရာအတွက် ကယ်လာဟာက အသင်းပြောင်းရွှေ့နိုင်ပါတယ်။

နောက်ဆုံးအနေနဲ့ ဆန်းဒါးလန်းမှ ပက်တာဆန်ဟာ ချန်ပီယံရှစ်ရဲ့ နောက်ဆုံးနှစ်ရာသီအတွက် ကလပ်ရဲ့ နံပါတ် ၁ ဂိုးသမားအဖြစ် လက်စွမ်းပြသထားတာဖြစ်ပါတယ်။

ဒါပေမယ့် ဆန်းဒါးလန်းဟာ play-off နေရာနှင့် လွဲချော်နေတာကြောင့် ကစားသမားရဲ့အပြောင်းအရွှေ့ကို ငြင်းဆိုဖို့ ခက်ခဲနိုင်ပါတယ်။


#အာဆင်နယ် #ဝုဗ် #အပြောင်းအရွှေ့ #ရမ်စ်ဒေးလ်