ရှေ့သို့
Image

နွေရာသီမှာ အရူဂျိုကို ရောင်းချဖို့ အသင့်ဖြစ်နေတဲ့ ဘာစီလိုနာအသင်း

11:32 AM, 22 April

ယူနိုက်တက်ဟာ ဥရုဂွေးဗဟိုခံစစ်မှူးကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို ဘာစီလိုနာကလည်း အရူဂျိုကို ရောင်းချဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ်။

အရူဂျိုဟာ ကလပ်ရဲ့ခက်ခဲသောကာလများတစ်လျှောက်တွင် ဗဟိုခံစစ်ကစားသမားကောင်းတစ်ဦး ဖြစ်ခဲ့သော်လည်း ကတ်တလန်ကလပ်ဟာ လာလီဂါရဲ့ ဘဏ္ဍာရေးလိုအပ်ချက်များနှင့်လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ရန် ကြိုးစားနေရတာကြောင့် သူ့ကိုရောင်းချသွားနိုင်ပါတယ်လို့ SPORT က ဖော်ပြထားပါတယ်။ သူ့မှာ ကြီးမားတဲ့ တန်ကြေးရှိပြီး အရုဂျိုကို ရောင်းချခြင်းဟာ လာမယ့်ရာသီတွင် ကလပ်ရဲ့ဘဏ္ဍာရေးဆိုင်ရာများအတွက် ကြီးမားသောအကျိုးရှိမယ်လို့ ထင်ရပါတယ်။


အရုဂျိုဟာ ဘာစီလိုနာရဲ့ ရောင်းချလို့မရတဲ့ စာရင်းတွင် ပါဝင်နေသော်လည်း အသက် ၁၇ နှစ်အရွယ် ပါအူကျူဘာစီက ရုတ်တရက် ခြေစွမ်းပြလာခြင်းကြောင့် ဘာစီလိုနာကစားသမားဘဝက နိဂုံးချုပ်သွားနိုင်ပါတယ်။ ပီအက်စ်ဂျီနှင့်ပွဲက အနီကဒ်ကြောင့် ဘာစီလိုနာ အကြီးအကဲတွေကြားမှာ ခါးသီးတဲ့ ခံစားချက်မျိုး ရှိသွားစေနိုင်ပါတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။


အရူဂျိုကို ယူနိုက်တက်၊ ဘိုင်ယန်မြူးနစ်နှင့် အက်သလက်တီကိုမက်ဒရစ်တို့အပါအဝင် ကမ္ဘာတစ်လွှားရှိ အသင်းကြီးတွေက စိတ်ဝင်စားနေကြတာပါ။ လာပေါ်တာတို့ကတော့ သူ့ကိုရောင်းချဖို့ အခြားသောကလပ်များနှင့် ဆွေးနွေးမှုများ စတင်နေပြီဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် ကစားသမားကို ယခုနွေရာသီတွင် ရောင်းချမယ်ဆိုပါက ကတ်တလန်အသင်းအတွက် ယူရို သန်း ၁၀၀ (ပေါင် ၈၆ သန်း/ ဒေါ်လာ ၁၀၇ သန်း) နီးပါး ရရှိနိုင်မှာဖြစ်ပါတယ်။

ဘာစီလိုနာဟာ ပရိသတ်အကြိုက်ကစားသမားကို အလွယ်တကူ ရောင်းချနိုင်ဖို့ဆိုတာက သံသယဖြစ်ဖွယ်ရှိနေသော်လည်း ဘဏ္ဍာရေးအခြေအနေနှင့် နောက်ထပ်ရှုပ်ထွေးမှုများက ဘာစီလိုနာရှိ အရူဂျိုရဲ့ကစားသမားဘဝ ပြီးဆုံးသွားမှုကို လွှမ်းမိုးသွားနိုင်ပါတယ်။


#မန်ချက်စတာယူနိုက်တက် #ဘာစီလိုနာ #အပြောင်းအရွှေ့