ရှေ့သို့
Image

အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချထားပြီးဖြစ်ကြောင်း သီယာဂိုဆေးလ်ဗား အတည်ပြု

10:40 AM, 22 April

စနေနေ့က အက်ဖ်အေဖလားမှာ မန်စီးတီးကိုအရေးနိမ့်ပြီးနောက် ချဲလ်ဆီးနောက်ခံလူ သီယာဂိုဆေးလ်ဗားတစ်ယောက် အနာဂတ်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အေစီမီလန် နဲ့ ပီအက်စ်ဂျီကစားသမားဟောင်းက အနာဂတ်နဲ့ပတ်သက်လို့ ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။


“လာမယ့်ရက်တွေမှာ ခင်ဗျားသိရမှာပါ။ ရှုံးပွဲအပြီးမှာ ကျွန်တော်ဘာမှမပြောချင်ပါဘူး။ ရလဒ်အတွက် စိတ်ပျက်မိပေမယ့် ကျွန်ောတ်တို့ ပြန်လည်ရုန်းထနိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော် ဆုံးဖြတ်ချက်ချထားပြီးပါပြီ။

ဒါပေမယ့် အခုချိန်မှာတော့ မပြောချင်ပါဘူး။ ဒီဘောလုံးက တစ်ဦးချင်းအားကစားမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် ဒီမှာရှိနေတဲ့ ၄ နှစ်တာကာလအတွင်းမှာ အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။ 


ကျွန်တော့်ကိုယ်ကျွန်တော်ယုံကြည်ရင်တောင် ဒီလိုရဲ့တောင်းဆိုမှု နဲ့ ကျွန်တော့်အသက်အရွယ်ကြောင့် အဆင်မပြေတော့ပါဘူး။

ကျွန်တော့်အကြောင်းမပြောချင်ပါဘူး။ ဒါပေမယ့် ခင်ဗျားဒါကိုမြင်နိုင်ပါတယ်။ ဆီမီးဖိုင်နယ်မှာ ကျွန်တော်အချိန်ပိုကစားဖို့ အသင့်ဖြစ်နေပါပြီ။ လာမယ့်နှစ်အနည်းငယ်အထိ ဆက်ကစားနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်”လို့ ဆေးလ်ဗားက ပြောကြားခဲ့ပါတယ်။


ဆေးလ်ဗား နဲ့ ချဲလ်ဆီးတို့ကြားစာချုပ်သက်တမ်းက အခုနွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းဆက်တိုးဖွယ်မရှိတာဖြစ်ပါတယ်။

အခုအရာသီအစောပိုင်းတုန်းက ဆေးလ်ဗားရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ချဲလ်ဆီးနည်းပြ ပိုချက်တီနိုက “အဲ့တာက အရာတွေပါ။ ကျွန်တော်တို့ အသင်းမှာရှိတဲ့ကစားသမားတစ်ဦးရဲ့အနာဂတ်ကိုမပြောချင်ပါဘူး။ ရာသီအကုန်မှာ ကစားသမားတွေရဲ့အနာဂတ်ကို အသင်းကစကားပြောမှာပါ။


မှန်ပါတယ်။ ကျွန်တော်တို့ ကစားသမားတစ်ဦးချင်းစီဆွေးနွေးဖို့ လိုအပ်ပါတယ်။ အခုချိန်မှာတော့ ဘာမှမထူးသေးသလို ဘာမှမဆွေးနွေးပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

အက်ဖ်အေဖလားမှာ မန်စီးတီးကိုအရေးနိမ့်ခဲ့တာကြောင့် ချဲလ်ဆီးအနေနဲ့ လာမယ့်အင်္ဂါနေ့မှာကန်မယ့် အာဆင်နယ်နဲ့ပွဲမှာ ပြန်လည်ရုန်းထနိုင်ဖို့ လိုအပ်နေပါတယ်။

ချဲလ်ဆီးဟာ လက်ရှိအဆင့် ၉ နေရာမှာရပ်တည်နေပြီး လာမယ့်ရက်တွေမှာ ရလဒ်တွေကောင်းမွန်ခဲ့မယ်ဆိုရင် အဆင့် ၇ နေရာအထိ တက်ရောက်နိုင်ဖွယ်ရှိနေပါတယ်။

#မန်စီးတီး #ချဲလ်ဆီး #ဆေးလ်ဗား #အက်ဖ်အေဖလား