ရှေ့သို့
Image

ဂရစ်ဇ်မန်းကို ၂၀၂၆ ခုနှစ်ကျော်အထိ စာချုပ်သက်တမ်းတိုးဖို့ အဆင်သင့်ရှိနေတဲ့ အက်သလက်တီကို

12:52 PM, 21 April

အက်သလက်တီကိုမက်ဒရစ်ဟာ အသင်းရဲ့ အရေးပါတဲ့ တိုက်စစ်ကစားသမား အန်တိုနီဂရစ်ဇ်မန်းကို ၂၀၂၆ ခုနှစ်အကျော်အထိ စာချုပ်သက်တမ်းတိုးဖို့ အဆင့်သင့်ဖြစ်နေပြီး ပြင်ဆင်မှုတွေပြုလုပ်နေပြီလို့သိရပါတယ်။ 

ဂရစ်ဇ်မန်းဟာ အသင်းနည်းပြ ဒီယေဂိုဆီမြွန်နီရဲ့လက်အောက်မှာ ပုံမှန်နေရာရနေပြီး အသင်းရဲ့ အရေးပါတဲ့အစိတ်အပိုင်းအဖြစ်ရပ်တည်ထားနိုင်ကာ အနာဂတ်အစီအစဉ်တွေမှာလည်း ပါဝင်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ပြင်သစ်လက်ရွေးစင်ကစားသမားဟာ အသင်းသို့ ပြန်လည်ရောက်ရှိချိန်ကနေစတင်ကာ ပုံမှန်ခြေစွမ်းပြသထားနိုင်ပြီး မက်ဒရစ်မှာနေထိုင်ရတာကို ပျော်ရွှင်နေတယ်လို့ဆိုပါတယ်။ 

ဂရစ်ဇ်မန်းရဲ့လက်ရှိစာချုပ်ဟာ လာမယ့်နှစ်အထိကျန်ရှိနေသေးတာဖြစ်သော်လည်း ယခုအခါမှာတော့ အက်သလက်တီကိုဘက်က ကစားသမားကို နောက်ထပ်တစ်နှစ်အဖြစ် ၂၀၂၆ ကျော်အထိသက်တမ်းတိုးလိုနေတာဖြစ်ပါတယ်။ 

အပြောင်းအရွှေ့နောက်ဆုံးထွက်သတင်းတွေအရ အက်သလက်တီကိုဟာ ဂရစ်ဇ်မန်းကိုသက်တမ်းတိုးနိုင်ရေး အဓိကဦးစားပေးလုပ်ဆောင်နေပြီး အသေးစိတ်အချက်အလက်တွေကို အကဲဖြတ်ဖို့ကျန်ရှိနေသေးတယ်လို့သိရပါတယ်။ ပြင်သစ်သားဟာ ကစားသမားဘဝမှာ အနားမယူမီ အမေရိကန်နိုင်ငံတွင် ကစားလိုသေးကြောင်း ထုတ်ဖော်ပြောကြားထားသော်လည်း ယခုလို သက်တမ်းတိုးမှုအတည်ပြုခဲ့မယ်ဆိုရင်တော့ အသက် ၃၆ နှစ်မှသာ အက်သလက်တီကိုကနေ ထွက်ခွာနိုင်မှာဖြစ်ပါတယ်။ 

အသက်-၃၃ နှစ်အရွယ်ကစားသမားဟာ လက်ရှိ ၂၀၂၃-၂၄ ခုနှစ်အတွင်း ပြိုင်ပွဲအရပ်ရပ်မှာ အက်သလက်တီကိုအတွက် ၂၁ ဂိုးအထိသွင်းယူပေးထားနိုင်ပြီး ၂၀၁၈-၁၉ ခုနှစ်ရာသီနောက်ပိုင်း ရာသီတိုင်းမှာ အနည်းဆုံး ၂၅ ဂိုးနဲ့အထက်သွင်းယူနိုင်တဲ့ စံချိန်ကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ လက်ကျန်ပွဲစဉ်တွေမှာ ကြိုးစားသွားရမှာဖြစ်ပါတယ်။ 


#အက်သလက်တီကို #ဂရစ်ဇ်မန်း #အန်တိုနီ