ရှေ့သို့
Image

ဘိုင်ယန်မြူးနစ်ဟာ ပြီးပြည့်စုံတဲ့ ရက်သတ္တပတ်ကို ပုံဖော်နိုင်ခဲ့တယ်လို့ ချီးကျူးပြောဆိုလာတဲ့ သောမတ်စ်မူလာ

12:51 PM, 21 April

ဘိုင်ယန်မြူးနစ်ကြယ်ပွင့်ကစားသမား သောမတ်စ်မူလာက ယမန်နေ့ညက ယူနီယံဘာလင်ကို အဝေးကွင်းမှာ ၁-၅ နဲ့အနိုင်ရရှိခဲ့ပြီးနောက် သူရဲ့အသင်းဟာ ပြီးပြည့်စုံတဲ့ ရက်သတ္တပတ်ကို ပုံဖော်နိုင်ခဲ့တယ်လို့ချီးကျူးပြောဆိုခဲ့ပါတယ်။ 

အဆိုပါပွဲစဉ်မှာ မူလာဟာ ၁ နှစ်ကျော်အတွင်း ဘိုင်ယန်မြူးနစ်အတွက် ပထမဆုံးအကြိမ် တစ်ပွဲတည်း ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီး အထူးခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။ မူလာအပြင် အသင်းရဲ့ ကစားသမားတိုင်းလိုလိုကလည်း ဒီပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့ကြပြီး ဘိုင်ယန်မြူးနစ်ရဲ့နိုင်ပွဲကို ဖော်ဆောင်ပေးနိုင်ခဲ့ကြတာလည်းဖြစ်ပါတယ်။ 

ပွဲအပြီးမှာတော့ မူလာက “ကျွန်တော်တို့ ဒီနေ့အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ပြိုင်ဘက်အသင်းထက် စိတ်ဓာတ်ပိုင်း ပိုမိုပြင်းထန်ခဲ့ပြီး ဘောလုံးကိုလည်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘောလုံးဆုံးရှုံးသွားတဲ့အချိန်မှာတော့ ယူနီယံဘာလင်က တန်ပြန်တိုက်စစ်တွေနဲ့ အပိုင်အခွင့်အရေးအချို့ ပြန်လည်ရရှိခဲ့ပါတယ်။ ခြုံငုံပြီးပြောရင်မယ်ဆိုရင် ဒီပွဲက ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီး အခွင်အရေးကို အသုံးချနိုင်ဖို့ လိုအပ်တဲ့ပွဲတစ်ပွဲပါ။ ဒါပေမယ့် စိတ်အားထက်သန်မှုကြောင့် ကျွန်တော်တို့ အနိုင်ရဖို့ထိုက်တန်ခဲ့ပြီး တစ်ပတ်အတွင်းမှာ ကိုလုံး၊ အာဆင်နယ်နဲ့ ယူနီယံဘာလင်တို့ ၃ သင်းစလုံးကိုအနိုင်ရခဲ့ပါတယ်။ ဒါ့ကြောင့် ဒီရက်သတ္တပတ်ကတော့ အသင်းအတွက်ရော ကစားသမားတွေအတွက်ပါ ပြီးပြည့်စုံတဲ့ ရက်သတ္တပတ်ပါပဲ” လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်စနေနေ့မှာ‌တော့ သောမတ်စ်တူချယ်လ်ရဲ့အသင်းဟာ နောက်ထပ်ဘွန်ဒက်စ်လီဂါပွဲစဉ်အဖြစ် ဖရန့်ဖတ်ကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး နိုင်ပွဲဆက်နိုင်ဖို့ ကြိုးစားသွားရမှာဖြစ်ပါတယ်။ 


#ယူနီယံ ဘာလင် #သောမတ်စ် #ဘိုင်ယန်မြူးနစ်