ရှေ့သို့
Image

ဖရန်ကီဒီဂျောင်ကို ခေါ်ယူဖို့ ပြန်လည်စိတ်ဝင်စားလာတဲ့ ဘိုင်ယန်မြူးနစ်

10:44 AM, 21 April

ဂျာမန်ဘီလူးကြီးဟာ ယခုနှစ်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင် ကြေငြာချက်တစ်ခုထုတ်ရန် စီစဉ်ထားပြီး ကလပ်အမှုဆောင်အရာရှိတွေဟာ ယခုနွေရာသီမှာ ကစားသမားအသစ်များခေါ်ယူရေးအတွက် အသုံးပြုရန် ပေါင်သန်း ၁၃၀ ကို ဖယ်ထားလိုက်ပြီလို့ Forbes က ဖော်ပြခဲ့ပါတယ်။

တူချယ်ရဲ့နေရာတွင် ဇီဒန်းကို ခန့်အပ်နိုင်ဖို့ လက်တစ်ကမ်းအကွာမှာရှိနေတယ်ဆိုတဲ့ သတင်းများနှင့်အတူ ကလပ်တွင် ကြီးကြီးမားမားလှုပ်လှုပ်ခတ်ခတ် ဖြစ်ပေါ်နေတာဖြစ်ပါတယ်။ ယူနိုက်တက်ကနေ တန်ဟက် ထွက်ခွာပါက ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းဟာ အိုးထရက်ဖို့ဒ်သို့ ပြောင်းရွှေ့ရန် စုံစမ်းခြင်းခံရနိုင်တယ်လို့ အချို့သော သတင်းများနှင့်များက ဖော်ပြထားပြီး သူ့ကိုလာမယ့်နွေရာသီတွင် ခေါ်ယူနိုင်မလားဆိုတဲ့ မေးခွန်းထုတ်စရာများ ရှိနေပါတယ်။

အသက် ၂၆ နှစ်အရွယ် ကစားသမားဟာ လာလီဂါအသင်းမှာ ပျော်ရွှင်နေတယ်လို့ ပြောဆိုထားသော်လည်း ဘိုင်ယန်မြူးနစ်ဟာ ဒီဂျောင်ကို ခေါ်ယူဖို့ ပြန်လည်စိတ်ဝင်စားလာပြီး နယ်သာလန်သားအတွက် ကောင်းမွန်တဲ့ ကမ်းလှမ်းမှုတွေကို ဘာစီလိုနာက ကြိုဆိုလိမ့်မယ်လို့ Relevo က ဖော်ပြထားပါတယ်။

ဘာစီလိုနာဥက္ကဌ လာပေါ်တာက ဇွန်လ ၃၀ ရက်နေ့မတိုင်မီ ကလပ်ရဲ့ဘဏ္ဍာရေးစာရင်းများကို ဟန်ချက်ညီစေရန် ပေါင် ၈၆ သန်းထက် ရှာဖွေဖို့ ကြိုးပမ်းနေတာကြောင့် ငွေသားလိုအပ်နေတဲ့ ကလပ်ဟာ အနည်းဆုံး ပေါင် ၄၃ သန်းမှ ၅၀ သန်းကြား ကမ်းလှမ်းမှုများ ရရှိရန် မျှော်လင့်ထားကြောင်း သတင်းတွေမှာဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ နွေရာသီတုန်းက တူချယ်ရဲ့အသင်းဟာ အာဆင်နယ်ကွင်းလယ်ကစားသမား ဒီကလန်ရိုက်စ်အား ခေါ်ယူရေးကနေ နှုတ်ထွက်ခဲ့ပြီးနောက် နယ်သာလန်သားကို အပြောင်းအရွှေ့ ဆန်ခါတင်စာရင်းတွင် ထည့်သွင်းခဲ့တာဖြစ်ပါတယ်။သတင်းတွေအရတော့ ဘိုင်ယန်မြူးနစ်ဟာ ကွင်းလယ်ကိုအင်အားဖြည့်တင်းဖို့ ဒီဂျောင်ကို ပစ်မှတ်အဖြစ် ထားရှိထားတာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ နယ်သာလန်ကွင်းလယ်ကစားသမားရဲ့အသင်းဖော် အရူဂျိုအား ခေါ်ယူနိုင်ရေး စုံစမ်းမေးမြန်းမှုများပြုလုပ်ခဲ့ပြီး Sky Germany သတင်းထောက်ဖြစ်တဲ့ ပလက်တန်ဘက်က ဘိုင်ယန်မြူးနစ်ဟာ အဆိုပါနောက်ခံလူအား ခေါ်ယူရန် စိတ်အားထက်သန်နေကြောင်း ဒီဇင်ဘာလအတွင်းက ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်က ပီအက်စ်ဂျီနှင့် ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲတွင် ဘာကိုလာကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ထုတ်ပယ်ခြင်းခံခဲ့ရတဲ့ အရူဂျိုကို ဘိုင်ယန်မြူးနစ်က စိတ်ဝင်စားလာနိုင်ပါတယ်လို့ ထင်ကြေးများ ထွက်ပေါ်လာခဲ့ပါတယ်။

တစ်ချိန်တည်းတွင်ပင် ၂၀၁၉ ခုနှစ်တွင် ဘာစီလိုနာသို့ စတင်ရောက်ရှိကတည်းက ဥရောပထိပ်တန်းလိဂ်ရှိ ကလပ်များစွာရဲ့ ပစ်မှတ်ဖြစ်လာခဲ့တဲ့ ဒီဂျောင်ဟာ ကိုဗစ် ၁၉ ကပ်ရောဂါကာလအတွင်း သူရဲ့လစာကိုရွှေ့ဆိုင်းခဲ့ပြီးနောက် သစ္စာစောင့်သိမှုဘောနပ်စ် ပေါင် ၁၅ သန်း ကိုရယူလိမ့်မယ်လို့  Revelo က ပြောကြားခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကွင်းလယ်ကစားသမားဟာ ဒီနှစ်ရာသီမှာ အသင်းအတွက် ၂၉ ပွဲ ပါဝင်ကစားပေးခဲ့ပေမယ့် ဘာစီလိုနာတွင် ရှုပ်ထွေးမှုတွေ အနည်းငယ်ရှိခဲ့ပါတယ်။

ကွင်းလယ်ကစားသမားဟာ ချန်ပီယံဖြစ်ခဲတဲ့ ၂၀၂၂-၂၃ရာသီကို အမြတ်ထုတ်ရန် ပျက်ကွက်ခဲ့တဲ့ ဘာစီလိုနာအသင်းအပေါ် မကျေမနပ်ဖြစ်နေတယ်လို့လည်း  Revelo က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီလတွင် နှစ်အတော်ကြာ ဇာတ်လမ်းတစ်ခုလိုဖြစ်ခဲ့တဲ့ အပြောင်းအရွှေ့များကြားတွင် ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့နိုင်တယ်လို့ ဒီဂျောင်က ထင်ကြေးပေးခံခဲ့ရပါတယ်။ ၂၀၂၂ ခုနှစ်တွင် ယူနိုက်တက်ဟာ ကွင်းလယ်ကစားသမားကို ခေါ်ယူရန် ပေါင်သန်း ၇၀ လောက်ဖြင့် ကမ်းလှမ်းခဲ့သော်လည်း ဒီဂျောင်ကတော့ စပိန်တွင် ဆက်နေရန် ရွေးချယ်ခဲ့ပါတယ်။အဲ့ဒီလိုဖြစ်ခဲ့တာတောင်မှ ယူနိုက်တက်က သူ့ကို စိတ်ဝင်စားမှု ရှိနေခဲ့တာပါ။

ယခုရက်သတ္တပတ်အစောပိုင်းက ဘာစီလိုနာအိုလံပစ်အားကစားကွင်းတွင် ပီအက်စ်ဂျီကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်မှ ထွက်ခဲ့ရပြီးနောက် အကောင်းဆုံးပြန်လည်ကစားဖို့အတွက် ဒီဂျောင်က အသင်းကိုတိုက်တွန်းခဲ့ပါတယ်။

"ကျွန်တော်တို့ ၁-၀ ဂိုး နဲ့အနိုင်ရသွားအောင် ဂိုးသွင်းနိုင်ခဲ့ပြီး အရေးပါတဲ့အားသာချက်တွေ ရှိပြီးသားဖြစ်ပေမယ့် ဥရောပမှာ ပီအက်စ်ဂျီလိုအသင်းနဲ့ ကစားရင် ဒုက္ခရောက်မယ်ဆိုတာ သိပါတယ်။ ကျွန်တော်တို့ ကြိုးစားခဲ့ပေမယ့် နောက်ဆုံးတော့ မလုပ်နိုင်ခဲ့ပါဘူး"

"ဘာကိုလာရဲ့ထိတွေ့မှုက ကြာရှည်ပြီး ဘောလုံးက ဂိုးသမားဆီကို ရောက်သွားတယ်လို့ ထင်မိခဲ့ပါတယ်။ သူတို့ရဲ့အဖြစ်အပျက်ကို မတွေ့လိုက်ရပေမယ့် ကျွန်တော်ရဲ့တွေးမိနေတာပါ"

"ကျွန်တော်တို့ ကြိုးစားခဲ့ပေမယ့် မဖြစ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့က နောက်တစ်ဆင့်တက်နိုင်မယ်လို့ ယုံကြည်ထားတာကြောင့် ဒါဟာ ပြင်းထန်တဲ့ ထိုးနှက်ချက်ပါ။ နောက်နှစ်မှာ ထပ်ကြိုးစားဖို့ကလွဲလို့ ရွေးချယ်စရာ မရှိပါဘူး" လို့ ဒီဂျောင်က Movistar သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။


#ဘိုင်ယန်မြူးနစ် #ဖရန်ကီ