ရှေ့သို့
Image

ဘာစီလိုနာနှင့်ပွဲမှာ အသင်းရဲ့ အဓိက ကစားသမားတွေ ကစားနိုင်မှာဖြစ်ကြောင်း အတည်ပြုလိုက်တဲ့ အန်ဆယ်လော့တီ

10:42 AM, 21 April

ရီးရဲလ်မက်ဒရစ်အတွက် သူ့ရဲ့ပထမဆုံးပွဲစဥ်ကစားဖို့ နီးကပ်လာတာကြောင့် တနင်္ဂနွေနေ့ဟာ မီလီတာအိုအတွက် ဖြစ်နိုင်ပါတယ်။ ဘရာဇီးနောက်ခံလူဟာ သြဂုတ်လရရှိခဲ့တဲ့ ACL ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပြီး နောက်ဆုံး ၄ ပွဲတွင် မိနစ်အနည်းငယ်မျှသာ ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။သို့သော်လည်း ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက မီလီတာအိုဟာ ဘာစီလိုနာနှင့်ပွဲမှာ ပွဲထွက်ကစားရန် အဆင်သင့်ဖြစ်နေပြီလို့ ပွဲအကြိုသတင်းစာရှင်းလင်းပွဲတွင် အတည်ပြုပြောကြားခဲ့ပါတယ်

"သူဟာ ပွဲထွက်စာရင်းမှာ ပါဝင်လာနိုင်ပါတယ်။ သူက ပွဲကစားချိန်တွေ လိုနေပြီး အဆင်သင့်ဖြစ်နေပါပြီ။ ပွဲထွက်ကစားဖို့လည်း မျှော်လင့်နေပါတယ်။ သူက အသင်းအတွက် ရွေးချယ်စရာတစ်ခု ဖြစ်နိုင်ပါတယ်"ပွဲထွက်ခွင့်အတွက် မီလီတာအိုဟာ ပြိုင်ဆိုင်မှုများရှိနေပြီး ဗုဒ္ဓဟူးနေ့က မန်စီးတီးနှင့်ပွဲတွင် ခြေစွမ်းပြသခဲ့တဲ့ နာချိုဖာနန်ဒက်ဇ်နှင့် ချူအာမီနီတို့ဟာ ရူဒီဂါနှင့်အတူ ပွဲထွက်ရန် ရှိနေတာဖြစ်ပါတယ်။

အန်ဆယ်လော့တီဟာ ယခုရာသီတွင် ရီးရဲလ်မက်ဒရစ်အတွက် လက်ဆောင်တွေကို ဆောင်ယူပေးနေတဲ့ ဗယ်လ်ဗာဒီနှင့်ပတ်သက်ပြီး ပြောကြားခဲ့ကာ တနင်္ဂနွေနေ့ အယ်လ်ကလက်စီကိုပွဲမှာလည်း ကစားသမားက အဲ့ဒီအတိုင်း ဆက်လက်လုပ်ဆောင်သွားနိုင်မှာပါ။"သူဟာ ကွင်းထဲမှာ အမြဲတမ်းကောင်းနေပြီး အသင်းကို အများကြီး ကူညီပေးခဲ့ပါတယ်။ သူက တောင်ပံကစားသမားအဖြစ်သာမက အခြားနေရာမှာလည်း ကစားနိုင်ပါတယ်။ သူက ကျွန်တော့်အတွက်တော့ အစားထိုးလို့ မရတဲ့သူပါ" လို့ အန်ဆယ်လော့တီက ပြောပါတယ်။


#ဘာစီလိုနာ #ရီးရဲလ်မက်ဒရစ် #အန်ဆယ်လော့တီ