ရှေ့သို့
Image

ရီးရဲလ်မက်ဒရစ်နဲ့ပွဲအတွက် ဒေါသကို လှုံ့ဆော်မှုအဖြစ် အသုံးပြုရန် ဘာစီလိုနာကစားသမားများအား တိုက်တွန်းလိုက်တဲ့ ဇာဗီ

10:40 AM, 21 April

ဘာစီလိုနာရဲ့ လက်ရှိရာသီက ပြီးဆုံးသွားတော့မှာဖြစ်သော်လည်း တနင်္ဂနွေနေ့ ဆန်တီယာဂို ဘာနေဗျူးမှာ တတိယနှင့် နောက်ဆုံး ကလက်စီကိုပွဲကို သွားရောက်ကစားရမှာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ ၂ ပွဲဆက်အနိုင်ရထားပြီး ၁၀၀ % နိုင်ပွဲစံချိန်ကို ဆက်လက်ထိန်းသိမ်းထားမည်ဆိုပါက ၆ ပွဲကစားရန်ကျန်ရှိနေတဲ့အချိန်မှာ ၁၁ မှတ်သာ ရရှိသွားမှာဖြစ်ပါတယ်။

ဘာစီလိုနာဟာ ယခုအပတ်အစောပိုင်းတွင် စိတ်ပျက်စရာပုံစံဖြင့် ချန်ပီယံလိဂ်မှ ထွက်ခဲ့ရပြီးနောက် လာလီဂါတွင် အကောင်းဆုံး ယှဉ်ပြိုင်ကစားရန်သာရှိနေပါတယ်။ အယ်ကလက်စီကိုအတွက် လှုံ့ဆော်မှုအဖြစ် ဒေါသကို အသုံးပြုစေလိုကြောင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ဇာဗီက မီဒီယာသို့ ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့က ဖြစ်နေတဲ့လမ်းကြောင်းကို ပြောင်းလဲနိုင်ရပါမယ်။ ဒေါသ၊ စိတ်ပျက်မှုတို့ကို ကျွန်တော်တို့ရဲ့ ခွန်အားအဖြစ် ပြောင်းလဲနိုင်ရမှာပါ။ ဒီတစ်ပတ် ချန်ပီယံလိဂ်ပွဲအပြီးမှာ ကျွန်တော်တို့ဟာ စိတ်ဓာတ်တက်ကြွနေတဲ့ ရီးရဲလ်မက်ဒရစ်နှင့် ကစားရမှာဖြစ်ပါတယ်" လို့ ဇာဗီက ပြောပါတယ်။

ဘာစီလိုနာကစားသမားတွေဖြစ်တဲ့ အရူဂျို နှင့် ဂန်ဒိုဂန် တို့ကြားက ပြဿနာနှင့်ပတ်သက်ပြီး ပြောစရာမရှိတော့ကြောင်းကိုလည်း ဇာဗီက အတည်ပြုပြောကြားခဲ့ပါတယ်။"မကောင်းတဲ့ ရည်ရွယ်ချက်မရှိရင် ပြဿနာဆိုတာမရှိပါဘူး။ သူတို့က ပြေလည်သွားပါပြီ" လို့ နည်းပြက ပြောပါတယ်။


#ဘာစီလိုနာ #ဇာဗီ #ရီးရဲလ်မက်ဒရစ်