ရှေ့သို့
Image

အယ်လ်ကလက်ဆီကိုပွဲမတိုင်ခင် ပြိုင်ဘက်မက်ဒရစ်အသင်းကို ဇာဗီ ချီးကျူး

10:38 AM, 21 April

ဘာစီလိုနာနည်းပြ ဇာဗီက အယ်လ်ကလက်ဆီကိုပွဲမတိုင်ခင် ပြိုင်ဘက် ရီးရဲလ်အသင်းကို ချီးကျူးလိုက်ပါတယ်။ ရီးရဲလ်အသင်းဟာ ဘာစီလိုနာရဲ့အထက်မှာ ၈ မှတ်ဖြတ်ဦးဆောင်နေပြီး ချန်ပီယံဆုဆက်ထိန်းနိုင်ဖို့ ဘာနေဗျူးမှာ အနိုင်ရဖို့ လိုအပ်နေပါတယ်။ပီအက်စ်ဂျီကိုအရေးနိမ့်ပြီး ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပြီးနောက် ဘာစီလိုနာအတွက် လာလီဂါဆုဖလားကို အာရုံစိုက်ရတော့မှာဖြစ်ပါတယ်။

“အကြိမ်ရေတော်တော်များများအနိုင်ရဖို့ စိတ်အေးအေးထားဖို့ လိုအပ်ပါတယ်။ ယုံကြည်မှုလည်း ပိုရှိဖို့ လိုအပ်ပါတယ်။ သူတို့က အရမ်းကောင်းတဲ့အသင်းပါ။ အဆုံးသတ်မှာ လူတွေက ကံကောင်းတာလို့ ပြောတတ်ကြပါတယ်။ကျွန်တော်ကံကောင်းတာကိုမယုံပါဘူး။ အဲ့တာက အားစိုက်ထုတ်မှု ၊ ခံစစ် နဲ့ စုစည်းမှု ၊ အားလုံးအလုပ်ကြိုးစားမှုကို ပြသနေပါတယ်။တိုက်စစ် ၃ ယောက်က အခြားသူတွေထက်ပိုအလုပ်ကြိုးစားခဲ့ပါတယ်။ မန်စီးတီးက အချို့အခွင့်အရေးတွေလွဲချော်ခဲ့ပေမယ့် ဒါက ဘောလုံးပါ။ အဲ့တာက ကံကောင်းတာမဟုတ်ပါဘူး။မက်ဒရစ်က ၃ နှစ်အတွင်းမှာ အကောင်းဆုံးအသင်းကို အနိုင်ကန်နိုင်ခဲ့တာပါ”လို့ ဇာဗီက ပြောကြားခဲ့ပါတယ်။

ဇာဗီက ရီးရဲလ်အသင်းက အားသာချက်ရှိနေပေမယ့် အခွင့်အရေးကို ဖြုန်းတီးပစ်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။“ကျွန်တော်တို့အတွက် ဒီရာသီရဲ့အရေးအကြီးဆုံးပွဲဖြစ်သလို ဖိအားပေးနိုင်ဖို့အနိုင်ကန်ရပါမယ်။ ကျွန်တော်တို့ ရီးရဲလ်အသင်းအပေါ် လေးစားမှုအများကြီးရှိပါတယ်။ သူတို့ ၃၁ ပွဲမှာ ၁ ပွဲပဲအရေးနိမ့်ခဲ့ပါတယ်။ သူတို့အချက်အလက်တွေက အံ့သြစရာပါ။ ကျွန်တော်တို့လည်း လာလီဂါမှာ ဆိုးဝါးတဲ့မှတ်တမ်းမရှိပါဘူး။ ပြီးခဲ့တဲ့ရာသီတုန်းက ကျွန်တော်တို့  ၄ မှတ်ဖြတ်ထားနိုင်ခဲ့ပါတယ်”လို့ ဇာဗီက ထပ်လောင်းပြောကြားခဲ့ပါတယ်။

“အခုနိုင်ပွဲက ကျွန်တော်တို့ လာလီဂါချန်ပီယံဖြစ်နိုင်ဖို့ ကောင်းမွန်တဲ့အခွင့်အရေးပါ။ ဒါပေမယ့် အဲ့တာက ခက်ခဲတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ဘာလို့လဲဆိုတော့ ဘာစီလိုနာက အရမ်းကောင်းတဲ့အသင်းတစ်သင်းပါ။ ကျွန်တော်တို့ဆုဖလားအောင်မြင်မှုရချင်တယ်ဆိုရင် ဒီလိုအယ်လ်ကလက်ဆီကိုပွဲမျိုးမှာ အနိုင်ကန်ဖို့ လိုအပ်ပါတယ်”လို့ အန်ဆယ်လော့တီက ပြောကြားခဲ့ပါတယ်။အန်ဆယ်လော့တီက မန်စီးတီးကိုအနိုင်ရပြီးနောက် ဖာလန်းမန်ဒီတစ်ယောက် မောပန်းနေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ရီးရဲလ်အသင်းဟာ သမိုင်းတစ်လျှောက် ၅ ကြိမ်မြောက် ဖလား ၂ လုံးချန်ပီယံ လိဂ်ဖလား နဲ့ ချန်ပီယံလိဂ်ဖလားကိုရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။



#ဘာစီလိုနာ #ဇာဗီ #ရီးရဲလ်မက်ဒရစ်