ရှေ့သို့
Image

ဝုဗ်အသင်းကို ခက်ခက်ခဲခဲအနိုင်ယူကာ ဇယားထိပ်ကို ယာယီတက်လှမ်းလာတဲ့ အာဆင်နယ်

2:41 AM, 21 April

ဝုဗ် ဝ -၂ အာဆင်နယ် (ပွဲပြီးရလဒ်)


အာဆင်နယ်အသင်းဟာ တစ်ပွဲလုံး ခြေအသာနဲ့ကစားနိုင်ခဲ့ပေမယ့် အဆုံးသတ်ပေးပို့မှုတွေနဲ့ အဆုံးသတ်မှုတွေမှာ တော်တော်လေးအားနည်းခဲ့တာကြောင့် စောစောစီးစီး ဂိုးမပြတ်ဘဲ ရုန်းကန်ခဲ့ရပါတယ်။

ခံစစ်ပိုင်းက တည်ငြိမ်မှုပြသခဲ့ပေမယ့် ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းက အချိတ်အဆက်လွဲနခေဲ့သလို ရလာတဲ့ အခွင့်အရေးတွေကိုလည်း တိုက်စစ်ကစားသမားတွေက ဖြုန်းတီးပစ်ခဲ့ကြပါတယ်။

ထရိုဆက်‌ကြောင့် မထင်မှတ်ဘဲ ဦးဆောင်ဂိုးရခဲ့ရာမှာ အာဆင်နယ်တို့ အသာစီးနဲ့ကစားနိုင်ခဲ့ပြီး တိုက်စစ်က အခွင့်အရေးအကြိမ်ကြိမ်ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ဘဲ ပွဲပြီးခါနီးမှသာ အသင်းခေါင်းဆောင် အိုဒီဂတ်က အနိုင်သေချာစေမယ့် သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

#အာဆင်နယ် #ဝုဗ် #ပရီးမီးယားလိဂ်