ရှေ့သို့
Image

ဘိုင်ယန်ကိုအရေးနိမ့်ပြီးနောက် အာဆင်နယ်ပရိသတ်တွေထံ မက်ဆေ့ချ်ပေးပို့လိုက်တဲ့ အိုဒီဂတ်

10:54 AM, 20 April

အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဒုတိယအကျော့မှာ ဘိုင်ယန်ကိုအရေးနိမ့်ပြီး ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ ဗီလာကိုအရေးနိမ့်ပြီးနောက် အခုချန်ပီယံလိဂ်မှာလည်း ဘိုင်ယန်ကို ထပ်မံအရေးနိမ့်ခဲ့တာဖြစ်ပါတယ်။


ဘိုင်ယန်နဲ့ပွဲအပြီးမှာ အိုဒီဂတ်က အင်စတာဂရမ်ကနေ “အားလုံးအတွက် ခက်ခဲတဲ့အချိန်ကာလပါ။ ဒါပေမယ့် ကျွန်တော်တို့ တစ်စုံတစ်ခုအတွက် ဆက်လက်တိုက်ခိုက်စရာကျန်နေပါသေးတယ်။ 

တစ်ဦးနဲ့တစ်ဦးဖေးမပြီး ဆက်သွားရပါမယ်။ အားလုံးရဲ့အားပေးမှုတွေကို ကျေးဇူးတင်ပါတယ်။ အဲ့တာက အများကြီးအဓိပ္ပာယ်ရှိပါတယ်”လို့ ရေးသားခဲ့ပါတယ်။


အာတီတာကလည်း ပရီးမီးယားလိဂ်ကိုအပြည့်အဝအာရုံစိုက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ “ရှေ့မှာလှပတဲ့အရာရှိနေပါတယ်။ ၆ ပွဲအလိုမှာ စီးတီးနဲ့ ၂ မှတ်ကွာဟနေပါတယ်။ လူတိုင်းအတွက် အလုပ်များတဲ့ရက်သတ္တပတ်ပါ။


ကျွန်တော်တို့ နာကျင်စရာညတစ်ညကိုကျော်ဖြတ်နိုင်ခဲ့ပါပြီ။ မနက်ဖြန်မှာ နိုးထပြီး တူညီတဲ့အားစိုက်ထုတ်မှု နဲ့ ဝုဗ်ကိုအနိုင်ကန်ဖို့ မျှော်လင့်ပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ လက်ကျန် ၆ ပွဲမှာ လန်ဒန်ဒါဘီပွဲ ၂ ပွဲဖြစ်တဲ့ ချဲလ်ဆီး ၊ တော့တင်ဟမ်တို့နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့နောက် ဘုန်းမောက် ၊ အဲဗာတန် ၊ ယူနိုက်တက်တို့နဲ့ဆက်တိုက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#အာဆင်နယ် #ချန်ပီယံလိဂ် #ဘိုင်ယန်မြူးနစ်