ရှေ့သို့
Image

ဒေါ့မွန်မှာခြေစွမ်းပြနေပေမယ့် ယူနိုက်တက်နဲ့အနာဂတ်မသေချာသေးတဲ့ ဆန်ချို

10:53 AM, 20 April

ဒေါ့မွန်စတား ဆန်ချိုဟာ တီကိုအသင်းနဲ့ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ၂ ကျော့စလုံးမှာ ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပါတယ်။

အင်္ဂလန်သားတစ်ယောက် ဒေါ့မွန်မှာအငှားလာကစားပြီး ခြေစွမ်းကောင်းတွေဆက်တိုက်ပြသနေပေမယ့် တန်ဟက်နဲ့တော့ အဆင်ပြေဖွယ်မရှိတာဖြစ်ပါတယ်။


တန်ဟက်က ဆန်ချိုရဲ့အရည်အချင်းတွေကို သံသယမရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အမှန်တကယ်မှာလည်း ဆန်ချိုဟာ ယူနိုက်တက်မှာရုန်းကန်ခဲ့ရပေမယ့် ဂျာမန်မြေမှာ စွမ်းဆောင်ရည်ကောင်းတွေပြန်လည်တွေ့ရှိနေတာဖြစ်ပါတယ်။


သတင်းထောက်တွေကို တန်ဟက်က ပြောကြားရာမှာ “မှန်ပါတယ်။ ကျွန်တော်နိုင်ငံတကာမှာရှိတဲ့ကလပ်အသင်းပွဲတွေကို ကြည့်ဖြစ်ပါတယ်။ အငှားချထားတဲ့ကစားသမားတွေကိုလည်း ကြည့်ဖြစ်ပါတယ်။ အဲ့တာက တကယ်ကောင်းတဲ့ပွဲပါ။


ဒေါ့မွန်က တီကိုနဲ့ပွဲမှာ စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့ပြီး ဆန်ချိုကလည်း ခြေစွမ်းကောင်းပြသနိုင်ခဲ့ပါတယ်။ သူက ဒေါ့မွန်အတွက် အကျိုးပြုခဲ့ပါတယ်။ သူ့အနာဂတ်ကတော့ မသိသေးပါဘူး။

ဆန်ချိုက ထိပ်တန်းကစားသမားတစ်ဦးပါ။ အဲ့တာက သံသယရှိစရာမလိုပါဘူး။ ပြဿနာလည်းမဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။


ဂျာမန်မြေမှာ ဆန်ချိုတစ်ယောက် အငှားလာကစားနေတာက အကျိုးများနေပြီး အခြားတစ်ဖက်မှာတော့ ယူနိုက်တက်က ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ရုန်းကန်နေရပါတယ်။

အင်္ဂလန် ၊ အီတလီ နဲ့ ဂျာမနီမြေမှာရှိတဲ့အသင်းတွေက လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်နေရာ ၅ သင်းရဖို့ ပြိုင်ဆိုင်နေကြပြီး ဒေါ့မွန်က ဆီမီးဖိုင်နယ်တက်ရောက်ထားနိုင်ခဲ့တာကြောင့် ဂျာမနီမြေက အခြေအနေကောင်းနေပါတယ်။

အင်္ဂလန်အသင်းတွေကတော့ ဝင်ခွင့် ၄ နေရာပဲ ဆက်ရဖွယ်ရှိနေပါတယ်။ ဒေါ့မွန်ဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ယူနိုက်တက်က အက်အေဖလားမှာ ကိုဗင်ထရီအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#ဒေါ့မွန် #ဆန်ချို #ဘွန်ဒက်စ်လီဂါ