ရှေ့သို့
Image

ဘယ်လင်ဟမ်က အင်္ဂလန်အတွက် ဘာကြောင့် ဘုရားပေးတဲ့လက်ဆောင်ဖြစ်နေလဲဆိုတာကို ရှင်းပြလိုက်တဲ့ ဖိုဒန်

10:51 AM, 20 April

မန်စီးတီးစတား ဖိုဒန်က ဒီရာသီမှာစွမ်းဆောင်ရည်ကောင်းတွေပြသထားနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၂၂ ဂိုးသွင်း ၊ ၁၀ ဂိုးဖန်တီးထားနိုင်ခဲ့သလို ဆောက်ဂိတ်ရဲ့အသင်းမှာလည်း ခြေစွမ်းဆက်လက်ပြသနိုင်ဖို့ မျှော်လင့်နေပါတယ်။

ဒါ့အပြင် ရီးရဲလ်စတား ဘယ်လင်ဟမ်ကလည်း ပွဲဦးထွက်ရာသီမှာ ၂၀ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဘယ်လင်ဟမ်ဟာ နိုင်ငံ နဲ့ ကလပ်အသင်းအတွက် အရေးပါတဲ့သူဖြစ်လာနေပြီး ဖိုဒန်က နိုင်ငံအသင်းဖော်နဲ့ပတ်သက်ပြီး အခုလိုမျိုးပြောကြားခဲ့ပါတယ်။


“ကျွန်တော် သူ့လိုအသက်အရွယ်မှာရင့်ကျက်တဲ့သူမျိုးဘယ်တုန်းကမှမမြင်ဖူးပါဘူး။ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာက ဘုရားပေးတဲ့လက်ဆောင်ပါ။ ကျွန်တော်တို့ သူ့လိုအကောင်းဆုံးကစားသမားလိုအပ်ပါတယ်”လို့ ဖိုဒန်က ပြောကြားခဲ့ပါတယ်။


ဘယ်လင်ဟမ်ဟာ လာမယ့်ယူရို ၂၀၂၄ မှာ အသက် ၂၁ နှစ်ပြည့်မှာဖြစ်ပြီး ဖိုဒန်တစ်ယောက် အဆိုပါအသက်အရွယ်တုန်းက အင်္ဂလန်ကို ဖိုင်နယ်ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ကံမကောင်းစွာနဲ့စီးတီးစတားဟာ ဒဏ်ရာရခဲ့တာကြောင့် အီတလီအသင်းနဲ့ဖိုင်နယ်ကို လွဲချော်ခဲ့ပါတယ်။

“အဲ့တာက ရူးသွပ်စရာပါ။ ဖိုင်နယ်မတိုင်ခင် လေ့ကျင့်ခန်းဆင်းပြီးနောက် ကျွန်တော် လမ်းလျှောက်လာခဲ့တာပါ။ အဲ့အချိန်မှာ တစ်စုံတစ်ယောက်က ဘောလုံးကို ကျွန်တော့်ဆီပေးလိုက်ပါတယ်။


ကျွန်တော် နောက်တစ်ဖက်နဲ့ထိန်းဖို့ ကြိုးစားချိန်မှာ ဒဏ်ရာရခဲ့တာဖြစ်ပြီး အဲ့တာက ဆိုးဝါးပါတယ်။ ဆောက်ဂိတ်က နှစ်သိမ့်ခဲ့ပေမယ့် အဲ့တာက ကျွန်တော်မငိုအောင်တော့မလုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော်စကားလုံးတောင်ရှာမရခဲ့ပါဘူး။

စိတ်ပျက်ခဲ့ပြီး သင်ခန်းစာရလိုက်ပါတယ်။ လေ့ကျင့်ခန်းအပြီးမှာ ကျွန်တော်အများကြီးမလုပ်တော့ပါဘူး။ အဲ့တာကနေ ကျွန်တော်နိုးထနိုင်ခဲ့ပါပြီ”လို့ ဖိုဒန်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

အင်္ဂလန်ဟာ အုပ်စု(စီ)မှာ ဆလိုဗေးနီးယား ၊ ဒိန်းမတ် ၊ ဆားဘီးယားတို့နဲ့တစ်အုပ်စုတည်းကျရောက်နေပါတယ်။ 


ဖိုဒန်ဟာ နိုင်ငံအသင်းအတွက် ၄ ပွဲအထိ ပါဝင်ထားပြီး ကလပ်အသင်းအတွက်တော့ ၃၃ ပွဲအထိ ပါဝင်ကစားပေးထားပါတယ်။

#မန်စီးတီး #ဖိုဒန် #ပရီးမီးယားလိဂ်