ရှေ့သို့
Image

မန်စီးတီးကစားသမားတွေအနေနဲ့ ချန်ပီယံလိဂ်ရှုံးပွဲကနေ အမြန်ဆုံးရုန်းထဖို့ တိုက်တွန်းလိုက်တဲ့ ဂွါဒီယိုလာ

10:42 AM, 20 April

မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက ကစားသမားတွေအနေနဲ့ နာကျင်ရတဲ့ ချန်ပီယံလိဂ်ရှုံးပွဲကနေ အမြန်ဆုံးရုန်းထရန် နည်းလမ်းရှာဖွေဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ဗုဒ္ဓဟူးညက ရီးရဲလ်မက်ဒရစ်ကို အီတီဟတ်မှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ကာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကနေ ထွက်ခွာခဲ့ရပါတယ်။


ဒါပေမယ့် ဂွါဒီယိုလာကတော့ ယနေ့ည ချဲလ်ဆီးနဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ မန်စီးတီးအနေနဲ့ အမြန်ဆုံးတုံ့ပြန်ပြဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

ဂွါဒီယိုလာက "ကျွန်တော်တို့မှာ တခြားရွေးချယ်စရာမရှိပါဘူး။ ကျွန်တော်တို့ ဝမ်းနည်းနေလို့မရပါဘူး။ ဘောလုံးမှာ ရှုံးပွဲတွေလည်းရှိကြတာပါပဲ။ ကျွန်တော်တို့ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပေမယ့် အနိုင်မရခဲ့ပါဘူး။


နွေရာသီမှာတော့ ကျွန်တော်တို့ ဒီနှစ်ရာသီ ဖြတ်သန်းခဲ့ရမှုတွေကို ပြန်လည်သုံးသပ်သွားပါမယ်။ ကျွန်တော်တို့က နိုင်ပွဲရဖို့ ယှဉ်ပြိုင်ကြတာပါ။

ပြီးခဲ့တဲ့ရာသီက ရှုံးပွဲသိပ်မတွေ့ခဲ့ပေမယ့် တစ်ခါတစ်လေ ရှုံးတာပါပဲ။ ဒါက ဘောလုံးမှာ ဖြစ်လေ့ရှိတဲ့အရာတစ်ခုပါပဲ။"လို့ ပြောခဲ့ပါတယ်။

#မန်စီးတီး #ဂွါဒီယိုလာ #ပရီးမီးယားလိဂ်