ရှေ့သို့
Image

အာဆင်နယ်ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပြီးနောက် စိတ်အပျက်ဆုံးအပိုင်းကို ဒီကလန်ရိုက်စ် ထုတ်ဖော်ပြောကြား

11:19 AM, 19 April

အာဆင်နယ်အသင်းချန်ပီယံလိဂ်ကနေထွက်ခွာခဲ့ရပြီးနောက် ဒီကလန်ရိုက်စ်က စိတ်အပျက်ရဆုံးအပိုင်းကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အာဆင်နယ်ဟာ ဘိုင်ယန်ကို ပထမအကျော့တုန်းက ဦးဆောင်ကစားနိုင်ခဲ့ပေမယ့် ၂-၂ သရေကျခဲ့ပြီး အဝေးကွင်းမှာတော့ ၁-၀ နဲ့အရေးနိမ့်ခဲ့ပါတယ်။ 

ဘိုင်ယန်အတွက်တစ်လုံးတည်းသော အနိုင်ဂိုးကို ဒုတိယပိုင်းမှာ ကင်မစ်ချ်က သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ရိုက်စ်က ဘိုင်ယန်ကိုအရေးနိမ့်ခဲ့ပြီးနောက် သူ နဲ့ အသင်းဖော်တွေဟာ နေရာလွတ်တွေပေးမိခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။

“ကျွန်တော်တို့ စိတ်မတည်မငြိမ်ဖြစ်ခဲ့ပါတယ်။ အဲ့တာကို စကားလုံးနဲ့ဖော်ပြဖို့ ခက်ခဲပါတယ်။ ၂ ကျော့စလုံးကျွန်တော်တို့ အခွင့်အရေးတွေရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာပါ။  တနင်္ဂနွေနေ့ပွဲအပြီးမှာ ကျွန်တော်တို့ လန်းလန်းဆန်းဆန်း နဲ့ အဆင်သင့်ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ပထမပိုင်းမှာ ယုံကြည်မှုရှိရှိနဲ့ ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်တစ်ကြိမ် ဧရိယာထဲမှာ နေရာလွတ်တွေပေးလိုက်ရပြီး ဂိုးပါပေးလိုက်ရပါတယ်။ အရိုးသားဆုံးပြောရရင် အဲ့လိုမျိုးကို စိတ်ပျက်မိတာအမှန်ပါ။  ကျွန်တော်နာကျင်ရပါတယ်။ ဒီပွဲကို ဆာလောင်မှုအပြည့်နဲ့လာခဲ့တာပါ။ ကျွန်တော်အားလုံးအကောင်းဆုံးပြင်ဆင်လာခဲ့သလို အားလုံးဆာလောင်နေကြတာပါ”လို့ ရိုက်စ်က ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပြီဖြစ်တာကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဆုကိုသာ အာရုံစိုက်ရတော့မှာဖြစ်ပါတယ်။ “ဒီပွဲကနေ အတွေ့အကြုံတော့ရလိုက်ပါတယ်။ ကျွန်တော်တို့ လူငယ်အစုအဖွဲ့ပါ။ အဲ့တာကြောင့် တောင်းဆိုမှုတွေ နဲ့ ဖိအားတွေများပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါက အာဆင်နယ်ကလပ်ပါ။ ကမ္ဘာပေါ်မှာ အကြီးမားဆုံးအသင်းပါ။ ကျွန်တော်တို့ ပြန်လည်ရုန်းထနိုင်ဖို့ လိုအပ်ပါတယ်။ စနေနေ့မှာ ကျွန်တော်တို့ဝုဗ်နဲ့ကန်ရမှာပါ။ ကျွန်တော်တို့အနိုင်ရလဒ်နဲ့ပြန်လာနိုင်ဖို့ လိုအပ်ပါတယ်”ရိုက်စ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဘိုင်ယန်ဟာ ဆီမီးဖိုင်နယ်မှာ ရီးရဲလ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ပီအက်စ်ဂျီက ဒေါ့မွန်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။  ဆီမီးဖိုင်နယ်ကို လာမယ့်ဧပြီလ ၃၀ ၊ မေလ ၁ ရက် နဲ့ မေလ ၇ ရက်  နဲ့ ၈ ရက်နေ့တွေမှာ ကျင်းပမှာဖြစ်ပါတယ်။ အဲ့နောက် ဖိုင်နယ်ပွဲကို ဇွန်လ ၁ ရက်နေ့ လန်ဒန်မြို့ ဝင်ဘာလေကွင်းမှာ ကျင်းပမှာဖြစ်ပါတယ်။


#အာဆင်နယ် #ချန်ပီယံလိဂ် #ကလန် ရိုက်စ်