ရှေ့သို့
Image

ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပြီးနောက် ပရီးမီးယားလိဂ်အတွက် အာမခံလိုက်တဲ့ အာတီတာ

10:34 AM, 19 April

ဗုဒ္ဓဟူးနေ့က ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပြီးနောက် အာဆင်နယ်နည်းပြ အာတီတာက ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အပြည့်အဝအာရုံစိုက်မယ်လို့ အာမခံချက်ပေးလိုက်ပါတယ်။

အာဆင်နယ်ဟာ ချန်ပီယံလိဂ်ဒုတိယအကျော့မှာ ဘိုင်ယန်ကို အရေးနိမ့်ပြီး ထွက်ခွာခဲ့ရတာဖြစ်ပြီး အခုတော့ ပရီးမီးယားလိဂ်ဖလားတစ်လုံးတည်းသာကျန်တော့တာဖြစ်ပါတယ်။ လာမယ့်စနေနေ့မှာ အာဆင်နယ်ဟာ ဝုဗ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ပြီးခဲ့တဲ့ပွဲတုန်းက ဗီလာကို အိမ်ကွင်းမှာ ၂ ဂိုးပြတ်နဲ့အရေးနိမ့်ခဲ့ပါတယ်။

ဘိုင်ယန်ကို အရေးနိမ့်ပြီးနောက် အာတီတာက “ကျွန်တော်တို့ကစားသမားတွေနီးစပ်ခဲ့ပါတယ်။ သူတို့လိုအပ်တာက နောက်တစ်ခုအတွက်ပါ။ သူတို့ကို ထောက်ခံအားပေးပြီး အချစ်တွေပေးဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ ဆက်သွားရပါမယ်။ ဘာလို့လဲဆိုတော့ စနေနေ့မှာ ပွဲကြီးတစ်ပွဲရှိနေပါတယ်။ ကျွန်တော်တို့ အဲ့ပွဲကိုအနိုင်ကန်မှာပါ။ ပြန်လည်ပြောင်းလဲနိုင်တာဆိုတာကို ပြသရပါမယ်။ အရေးနိမ့်ခဲ့လို့ နာကျင်ရပါတယ်။ ဒါပေမယ့် စနေနေ့ပွဲကိုအပြည့်အဝအာရုံစိုက်ရပါမယ်။ ၁၀ ပွဲဆက်အနိုင်ရတုန်းက ကစားသမားတွေနောက်မှာရှိတာက လွယ်ကူပါတယ်။ အခုလိုအခိုက်အတန့်မျိုးမှာလည်း သူတို့နောက်မှာရှိနေဖို့ လိုအပ်ပါတယ်။ ဘိုင်ယန်ကိုအရေးနိမ့်ခဲ့လို့ ကျွန်တော်တို့ အရမ်းဝမ်းနည်းပြီး စိတ်ပျက်မိပါတယ်။ တကယ့်ကို ကျဉ်းမြောင်းတဲ့ရလဒ်ပါ။ ပထမအကျော့တုန်းက ကျွန်တော်တို့ခံစစ်ရဲ့ပေါ့လျော့မှုကနေ ၂ ဂိုး အလွယ်လေးပေးလိုက်ရတာပါ။ ဒီနေ့မှာတော့ ကျွန်တော့်ကစားသမားတွေ အတွက် တကယ်ဂုဏ်ယူမိပါတယ်။ အထူးသဖြင့် ပထမပိုင်းကစားပုံပါ။ တစ်ဦးချင်းအမှားတွေက ပွဲအဖြေဖြစ်လာခဲ့တာပါ။ ကျွန်တော်တို့ဧရိယာထဲမှာ ကောင်းကောင်းမကာကွယ်နိုင်ခဲ့ပါဘူး။ ပြိုင်ဘက်ကိုလည်း ချီးကျူးရမှာပါ။ သူတို့က ရင်ဆိုင်ရခက်ခဲတဲ့ပြိုင်ဘက်ပါ။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ပထမပိုင်းစွမ်းဆောင်ရည်ကို ဆက်ထိန်းဖို့ ခက်ခဲခဲ့ပါတယ်။ အဲ့ပွဲက ပြီးဆုံးခဲ့ပါပြီ။ အခုချိန်မှာ နောက်ပွဲအတွက် အာရုံစိုက်ရတော့မှာပါ”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။


#အာတီတာ #အာဆင်နယ် #ချန်ပီယံလိဂ် #ဘိုင်ယန်မြူးနစ်