ရှေ့သို့
Image

ကွာတားဖိုင်နယ် ပွဲစဉ်က ရီးရဲလ်မက်ဒရစ်ရဲ့ နည်းစနစ်တွေအပေါ် စိတ်ပျက်မိတယ်လို့ ဖွင့်ဟလိုက်တဲ့ ရိုဒရီ

9:48 AM, 19 April

မန်စီးတီးကွင်းလယ်လူ ရိုဒရီက ရီးရဲလ်အသင်းရဲ့နည်းစနစ်နဲ့ပတ်သက်ပြီး စိတ်ပျက်မိတယ်လို့ ပြောကြားလိုက်ပါတယ်။ လက်ရှိချန်ပီယံလိဂ်ချန်ပီယံ စီးတီးဟာ ရီးရဲလ်အသင်းကို ထိန်းချုပ်ကစားနိုင်ခဲ့ပေမယ့် ၁-၁ သရေကျခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပြီး ပင်နယ်တီနဲ့အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့စီးတီးအသင်းဟာ ဂိုးပေါက်ကန်ချက် ၃၃ ကြိမ်အထိ ရှိခဲ့ပြီး ရီးရဲလ်အသင်းက ခံစစ်ကိုပိတ်ကစားခဲ့တာကြောင့် စီးတီးရဲ့ဖလား ၃ လုံးအိပ်မက်က ပျက်စီးခဲ့ရပါတယ်။ “အရိုးသားဆုံးပြောရရင် ကျွန်တော်တစ်သင်းကိုပဲ မြင်ပါတယ်။ ခံစစ်မှာ သူတို့အကောင်းဆုံးကာကွယ်နိုင်ခဲ့ပါတယ်။ ရီးရဲလ် နဲ့ ရင်ဆိုင်ရတာ ဘယ်လောက်ခက်ခဲလဲဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါပေမယ့် ကျွန်တော့်အမြင်အရ ဒီလောက်အခွင့်အရေးနဲ့ဆိုရင် ဆီမီးဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့သင့်တာပါ။ ဘယ်လိုကစားရမလဲဆိုတာ သူတို့သိပါတယ်။ ကျွန်တော်တို့ သူတို့ကိုဂုဏ်ပြုပါတယ်။  ကျွန်တော်တို့အရာအားလုံးပေးဆပ်ခဲ့ပါတယ်။ ဘာမှနောင်တမရှိပါဘူး။ ဒါကဘောလုံးပွဲတစ်ပွဲဖြစ်သလို တစ်ချို့အချိန်တွေမှာ အခုလိုမျိုးဖြစ်တတ်ပါတယ်။ နိုင်ပွဲရဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ ပြသနေပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ကျွန်တော်တို့လုပ်ဆောင်ခဲ့သလိုပေါ့။ အဲ့တာက အရမ်းစိတ်ပျက်စရာပါ။ တစ်ချို့အချိန်တွေမှာ အဲ့တာက ရှင်းပြရခက်ပါတယ်”လို့ ရိုဒရီက ပြောကြားခဲ့ပါတယ်။

မန်စီးတီးအနေနဲ့ လာမယ့်စနေနေ့မှာ ကန်မယ့် ချဲလ်ဆီးနဲ့ အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲမှာ ပြန်လည်ရုန်းထနိုင်ဖို့ လိုအပ်နေပါတယ်။ “ကျွန်တော်တို့အရှုံးနဲ့အစာကြေဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နိုးထဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ ပြိုင်ပွဲ ၂ ခုကစားဖို့ရှိနေဆဲပါ။ စိတ်ပိုင်းဆိုင်ရာ အပေါင်းလက္ခဏာဆောင်ဖို့ လိုအပ်ပါတယ်။  ရည်မှန်းချက်ရှာဖွေဖို့ လိုအပ်ပါတယ်။ မနက်ဖြန်မှာ ကျွန်တော်တို့ အဲ့တာကို ရှာဖွေရပါမယ်။ ချဲလ်ဆီးနဲ့ပွဲမှာ ပြန်လည်ရုန်းထနိုင်ဖို့ လိုအပ်ပါတယ်။ နောက်ထပ်ဖိုင်နယ်တစ်ခုအပြင် ပရီးမီးယားလိဂ်ကျန်နေပါသေးတယ်”လို့စပိန်သားက ထပ်လောင်းပြောကြားခဲ့ပါတယ်။

#မန်စီးတီး #ရိုဒရီ #ရီးရဲလ်မက်ဒရစ် #ချန်ပီယံလိဂ်