ရှေ့သို့
Image

ဆီမီးဖိုင်နယ် ပွဲမတိုင်ခင် အင်္ဂလန်အသင်းဖော် ဘယ်လင်ဟမ်ကို မက်ဆေ့ချ်ပေးပို့လိုက်တဲ့ ဟယ်ရီကိန်း

9:43 AM, 19 April

ဘိုင်ယန်ဟာ အာဆင်နယ်ကို ကျော်ဖြတ်နိုင်ခဲ့တာကြောင့် ဆီမီးဖိုင်နယ်မှာ မန်စီးတီးကို ကျော်ဖြတ်လာခဲ့တဲ့ ရီးရဲလ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အဆိုပါပွဲမှာ အင်္ဂလန်စတား ၂ ဦးဖြစ်တဲ့ ကိန်း နဲ့ ဘယ်လင်ဟမ်တို့ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ကိန်းဟာ ဘိုင်ယန်အတွက် ဒီရာသီ ၃၉ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ခြေစွမ်းကောင်းတွေပြသထားနိုင်ခဲ့ပါတယ်။

“ဘယ်လင်ဟမ်တစ်ယောက် ရာသီကောင်းတစ်ခုကို ဖြတ်သန်းနေတာပါ။ သူက ထိပ်တန်းကစားသမားတစ်ဦးပါ။ ကျွန်တော်သူ့အတွက် တကယ်ပျော်မိပါတယ်။  ဒါပေမယ့် အခုဆီမီးဖိုင်နယ်မှာ သူနဲ့ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရတော့မှာပါ။ အဲ့ပွဲကကြည့်ကောင်းလာနိုင်ပြီး အင်္ဂလန်ပရိသတ်တွေလည်း ကျွန်တော်တို့ ၂ ဦးကိုကြည့်ရှုနေကြမှာ သေချာပါတယ်။ ကျွန်တော်တို့သက်ဆိုင်ရာအသင်းတွေအတွက် အာရုံစိုက်သွားမှာပါ။ မှန်ပါတယ်။ ပွဲမတိုင်ခင်တော့ ဟယ်လိုပြောမှာဖြစ်ပေမယ့် ကွင်းထဲရောက်ရင်တော့ ပြိုင်ဘက်ဖြစ်သွားပါပြီ။ ဝင်ဘာလေက ကျွန်တော်တို့နိုင်ငံကွင်းပါ။ အဲ့ကွင်းမှာဖိုင်နယ်ကန်ရမှာဖြစ်လို့ စိတ်ဓာတ်တော့ တက်ကြွမိပါတယ်။ ဒါပေမယ့် အဲ့မတိုင်ခင် ၂ ပွဲကန်ရဦးမှာပါ။ တကယ့်ခက်ခဲတဲ့ပွဲဖြစ်လာနိုင်ပါတယ်။ ရီးရဲလ်အသင်းက ထိပ်တန်းအသင်းဖြစ်သလို ချန်ပီယံလိဂ်မှာလည်း အတွေ့အကြုံရှိပါတယ်။ ကျွန်တော်တို့အတွက် ခက်ခဲတဲ့ပွဲဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ဆီမီးဖိုင်နယ်ဖြစ်တာကြောင့် ကျွန်တော်တို့ ထိပ်တန်းအသင်းတွေနဲ့ပဲကန်ရမှာဖြစ်ပြီး အဲ့အတွက် ပြင်ဆင်သွားမှာပါ”လို့ ကိန်းက ပြောကြားခဲ့ပါတယ်။

ဘယ်လင်ဟမ်ဟာ ဒီရာသီရီးရဲလ်အသင်းနဲ့အတူ စပိန်စူပါဖလားရယူထားနိုင်ခဲ့ပြီးဖြစ်သလို အသင်းကိုလည်း လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်အောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကိန်းကတော့ ဆုဖလားအောင်မြင်မှုမရသေးပဲ ချန်ပီယံလိဂ်ဖလား တစ်လုံးတည်းသာ ကျန်တော့တာဖြစ်ပါတယ်။

#အာဆင်နယ် #ဟယ်ရီကိန်း #ချန်ပီယံလိဂ် #ဘိုင်ယန်မြူးနစ် #ဘယ်လင်ဟမ်