ရှေ့သို့
Image

မန်စီးတီးနှင့် လီဗာပူးတို့ထက် အာဆင်နယ်ရဲ့ အားသာချက်တစ်ခုကို ပြောပြလိုက်တဲ့ အာစင်ဝင်းဂါး

2:14 PM, 18 April

ပြိုင်ဘက် လီဗာပူးက တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာ အံ့အားသင့်စွာ ရှုံးနိမ့်ခဲ့ရသော်လည်း အာဆင်နယ်က အခွင့်အရေးမရယူနိုင်ခဲ့တာဖြစ်ပါတယ်။


ဂန်နာနည်းပြဟောင်း အမ်မရီဟာ အာဆင်နယ်ကို ခြောက်လှန့်ရန် အမ်မရိတ်ကွင်းသို့ ပြန်လာခဲ့ပြိး ဗီလာနှင့်အတူ ၂-၀ ဂိုး ဖြင့် အနိုင်ယူကာ အမှတ်ပေးဖလားပြိုင်ဆိုင်မှု မန်စီးတီးလက်ထဲသို့ ရုတ်တရက်ရောက်သွားတယ်လို့ ပြောလို့ရပါတယ်။


မန်စီးတီးဟာ သမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်ဖလားအား ၄ ကြိမ်ဆက်ရယူနိုင်တဲ့ ပထမဆုံးအသင်းဖြစ်လာရန် ကြိုးပမ်းနေပြီး ၆ ပွဲကစားရန်ကျန်ရှိနေတဲ့အချိန်မှာ အာဆင်နယ်နှင့် လီဗာပူးတို့အထက် ၂ မှတ်အကွာတွင် ရပ်တည်နေပါတယ်။


အာစင်ဝင်းဂါးဟာ အာဆင်နယ်နှင့် လီဗာပူးတို့ ရှုံးပွဲတွေ့ခဲ့ရခြင်းကို အံ့အားသင့်ခဲ့ရသော်လည်း မြောက်လန်ဒန်အသင်းဟာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးလိဂ်ဖလားအတွက် ချဉ်းကပ်နေပြီလို့ ဂန်နာပရိသတ်တွေကို မျှော်လင့်ချက်ပေးထားပါတယ်။


ဝင်းဂါးက beIN SPORTS သို့ "ဒါဟာ လုံးဝအံ့သြစရာပါပဲ။ ပြိုင်ပွဲပြီးဖို့ ပွဲအနည်းငယ်လောက်ပဲ ကျန်တဲ့အချိန် ချန်ပီယံဆုအတွက် အိမ်ကွင်းမှာကစားရတဲ့အခါ ပြောင်းလဲသွားအောင်ဖန်တီးဖို့ အခွင့်အရေးရတဲ့အခါ ယူရပါမယ်"


"ဒီတစ်ပတ်အတွက် အံ့အားသင့်စရာကတော့ မန်စီးတီးက အမှတ်ပေးဇယားရဲ့ထိပ်သို့ရောက်လာခဲ့ပြီး ဒါကိုဘယ်သူမှ မမျှော်လင့်ထားပါဘူး။ အဲဒီအသင်းတွေထဲက တစ်သင်းက ရလဒ်ဆိုးတွေ ရနိုင်ပေမယ့် နှစ်သင်းစလုံးတော့ မဟုတ်ပါဘူး ဒါက အံ့သြစရာပါ"


"ဒါပေမယ့် အာဆင်နယ်က ဂိုးကွာခြားချက်နဲ့ အသာစီးရနေသေးတာဖြစ်လို့ မန်စီးတီးက တစ်ပွဲသရေကျပြီး ဂန်နာတွေက အနိုင်ရရင် သူတို့ရှေ့သို့ ရောက်သွားမှာပါ" လို့ ပြောပါတယ်။


ပြီးခဲ့တဲ့လကုန်ပိုင်းက အီသီဟက်သို့ သွားရောက်ကစားခဲ့စဉ် အနိုင် ၃ မှတ်ရရှိရန် တွန်းအားပေး မကစားနိုင်ခဲ့တဲ့အတွက် အာဆင်နယ်က နောင်တရနေနိုင်ကြောင်း ဝင်းဂါးက ပြောကြားခဲ့ပါတယ်။


ဂန်နာတွေက ပက်ဂွါဒီယိုလာရဲ့နဲ့ပွဲမှာ ဂိုးမရှိသရေရလဒ်ဖြစ်အောင် ကစားနိုင်ခဲ့ပေမယ့် အိမ်ရှင်အသင်းက အခွင့်အရေးဖန်တီးဖို့ ရုန်းကန်ခဲ့ရတာကြောင့် အာဆင်နယ်က အနိုင်ရရှိအောင်လုပ်ခဲ့သင့်တယ်လို့ ဝင်းဂါက ထင်နေပါတယ်။


"မန်စီးတီးက မည်သည့်အခွင့်အရေးမှ မဖန်တီးနိုင်တာကြောင့် အာဆင်နယ်က နိုင်ပွဲရရှိခဲ့သင့်လို့ စိတ်ပျက်မိပါတယ်"


"ဒါပေမယ့် အနိုင် ၃ မှတ်ပိုရအောင် တွန်းအားပေး ကစားခြင်းဖြင့် အခွင့်အရေးရနိုင်တယ်ဆိုအချက်လည်း ရှိနေပါတယ်။ ကျွန်တော်တို့ကတော့ ရာသီကုန်မှာသာ အဖြေကို သိနိုင်မှာပါ"


"များသောအားဖြင့် ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပြိုင်ဘက်နဲ့ ကစားပြီး အဆုံးသတ်မှာ အနိုင်ရရှိအောင်လို့တော့ လုပ်ချင်မိမှာပါ" လို့ အာဆင်ဝင်းဂါးက ပြောပါတယ်။

#အာဆင်နယ် #ခရစ္စတယ်ပဲလေ့စ် #အာစင်ဝင်းဂါး #ပရီးမီးယားလိဂ်