ရှေ့သို့
Image

ပင်နယ်တီလုကန်တဲ့ ကိစ္စနှင့်ပတ်သက်ပြီး ပြောကြားလိုက်တဲ့ ကိုးလ်ပယ်လ်မာ

11:28 AM, 17 April

အသက် ၂၁ နှစ်အရွယ် ပယ်လ်မာဟာ စတန်းဖို့ဒ်ဘရစ်ချ်တွင် အဲဗာတန်အား ၆-၀ ဂိုးဖြင့် အနိုင်ရရှိမှုတွင် ၄ ဂိုး သွင်းယူခဲ့ပြီး ပထမပိုင်း ၁၆ မိနစ်တွင် ဟက်ထရစ်နှင့် ဒုတိယပိုင်းတွင် ပင်နယ်တီမှတဆင့် သွင်းယူခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ပင်နယ်တီမကန်သွင်းမီတွင် နီကိုလက်စ်ဂျက်ဆင်နှင့် မာဒူကီတို့က ပင်နယ်တီကန်ဖို့အတွက် လုခဲ့ကြတာဖြစ်ပါတယ်။

အသင်းခေါင်းဆောင် ဂယ်လာဂါက ပယ်လ်မာထံ ဘောလုံးပေးဖို့အတွက် ကြားဝင်ဆောင်ရွက်ပေးခဲ့ပြီး Jနီကိုလက်စ်ဂျက်ဆင်နှင့် မာဒူကီတို့ တုန်လှုပ်ခြောက်ခြားသွားတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ယခုရာသီတွင် ဟာလန်းနှင့်အတူ လိဂ်သွင်းဂိုး ၂၀ သွင်းထားပြီးနောက် အဝတ်လဲခန်းတွင် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဖြေရှင်းပြီးဖြစ်ကြောင်းနဲ့ နောက်ထပ် ဘယ်မှပြောစရာမရှိတော့ကြောင်း ပွဲအပြီးတွင် Sky Sports သို့ ပယ်လ်မာက ပြောပါတယ်။

သူက "၄-၀ ဂိုးဖြင့် အနိုင်ရရှိချိန်မှာ အခြားကစားသမားတွေကလည်း ကန်ချင်မယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော် အသင်းရဲ့ ပင်နယ်တီကန်သွင်းသူဖြစ်တာကြောင့် ကန်ချင်ပါတယ်။ အားလုံးကလည်း ဒီတာဝန်ကို ယူချင်မယ်ဆိုတာ ကျွန်တော်သိပါတယ်" "ငြင်းခုံမှုတွေနဲ့ အကြောင်းအရာတွေက နည်းနည်းတော့ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် လူတိုင်းက အနိုင်ရဖို့အတွက် ကူညီချင်ကြပါတယ်" "ဒါက ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး။ ကျွန်တော်တို့က ရယ်မောပြီး နောက်ပြောင်ခဲ့ကြပေမယ့် အခုတော့ နည်းပြက အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပြောကြားထားပါတယ်" လို့ ပြောပါတယ်။

နည်းပြ ပိုချက်တီနိုက ဒေါသထွက်တဲ့အသံဖြင့် သူ့ရဲ့ကစားသမားတွေကို သတိပေး ပြောကြားခဲ့ပါတယ်။ "အဝတ်လဲခန်းထဲမှာ ကျွန်တော် ဒီလိုအပြုအမူမျိုး မလုပ်ချင်ဘူးလို့ ကစားသမားတွေကို ကျွန်တော်ပြောခဲ့ပါတယ်။ ဒီလိုအပြုမှုကို ခွင့်လွှတ်တာ နောက်ဆုံးအကြိမ်လို့လည်း ပြောထားပါတယ်" "သူတို့အားလုံး ဒီအခြေအနေမှာ ပါဝင်နေကြပြီး နောက်တစ်ကြိမ်အတွက် အားလုံး ရှင်းသွားပါပြီ။ ဒါက ဟာသမဟုတ်ပါဘူး။ ဒီလို အပြုအမူမျိုးကို မြင်တွေ့ရဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး" "ကျွန်တော်တို့ဟာ ကြီးကျယ်ခမ်းနားတဲ့ အသင်းတစ်သင်းဖြစ်ဖို့ ကြီးမားတဲ့အရာတွေအတွက် တိုက်ပွဲဝင်ချင်တယ်ဆိုရင် အားလုံးစုပေါင်းထားတဲ့နည်းလမ်းနဲ့ ပြောင်းလဲဖို့ လိုပါတယ်" "သူတို့ကို ကျွန်တော်ရှင်းရှင်းလင်းလင်းပြောခဲ့ပြီးပါပြီ။ ပါလ်မားက အသင်းရဲ့ ပင်နယ်တီကန်သွင်းသူဖြစ်ကြောင်း အခု မီဒီယာကနေတစ်ဆင့် ကျွန်တော်တို့ ပရိသတ်တွေနဲ့ လူတိုင်းကို ထပ်ပြောချင်ပါတယ်" လို့ ပိုချက်တီနိုက ပြောပါတယ်။ 

အဆိုပါ ပင်နယ်တီကြောင့် မန်စီးတီး ကစားသမားဟောင်းဟာ လက်ရှိရာသီမှာ ပင်နယ်တီကနေ ၉ ဂိုးအထိ ရရှိထားတာဖြစ်ပါတယ်။ ပွဲအပြီးမှထွက်ပေါ်လာတဲ့ သီးသန့်ဗီဒီယိုဖိုင်တွင် ဂျက်ဆင်က အသင်းဖော် ကိုင်စီဒိုအား သူ့ရဲ့စိတ်ပျက်နေမှုကို ဆက်လက်ပြောပြနေပုံရပါတယ်။

အသက် ၂၂ နှစ်အရွယ် ဂျက်ဆင်ဟာ အဲဗာတန်နှင့်ပွဲမှာ လှလှပပသွင်းယူနိုင်ခဲ့တာကြောင့် သူ့ရဲ့လိဂ်သွင်းဂိုးက ၁၀ ဂိုးအထိရှိသွားပြီဖြစ်ပါတယ်။

#အဲဗာတန် #ပယ်လ်မာ #ပရီးမီးယားလိဂ်