ရှေ့သို့
Image

အာဆင်နယ်နဲ့ ပွဲမတိုင်ခင် ဘိုင်ယန်စတား ၂ ဦးရဲ့ဒဏ်ရာအခြေအနေကို ထုတ်ဖော်ပြောကြားလိုက်တဲ့ ဟယ်ရီကိန်း

11:16 AM, 17 April

ဘိုင်ယန်တိုက်စစ်မှူး ဟယ်ရီကိန်းက အာဆင်နယ်အသင်းနဲ့ချန်ပီယံလိဂ်ပွဲမတိုင်ခင် အသင်းကစားသမား ၂ ဦးရဲ့ဒဏ်ရာအခြေအနေကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ 

ပြီးခဲ့တဲ့အပတ်တုန်းက အာဆင်နယ်က အမ်းမရိတ်ကွင်းမှာ ဘိုင်ယန်ကိုဧည့်ခံခဲ့ရပေမယ့် ၂-၂ သရေကျခဲ့တာဖြစ်ပါတယ်။ ဒုတိယအကျော့ပွဲမတိုင်ခင် ကိန်းက ဘိုင်ယန်အနေနဲ့ ဂနာဘရီ ၊ ကိုးလ်မန်းတို့မပါပဲ အာဆင်နယ်ကိုရင်ဆိုင်ရမှာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ကင်း နဲ့ ဆာ့ဂျ်တို့မပါဝင်နိုင်တာက စိတ်ပျက်စရာပါ။ သူတို့ ဒီရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရပါတယ်။ အသင်းဖော်တွေအခုလိုဖြစ်နေတာကို မမြင်ချင်ပါဘူး။ ဒါပေမယ့် မနက်ဖြန်မှာဘယ်လိုလူစာရင်းဖြစ်လာလာ ပြဿနာမရှိပါဘူး။ ကျွန်တော်တို့ကစားနေကြအတိုင်း ထိရောက်အောင်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့မှာ ဒဏ်ရာပြဿနာအနည်းငယ် စိုးရိမ်စရာရှိပေမယ့် အကောင်းဆုံးလုပ်ဆောင်မှာပါ။ ဘယ်သူပဲပွဲထွက်ခွင့်ရရ ပြဿနာမဟုတ်ပါဘူး။ ကျွန်တော်တို့ အရာအားလုံးကို အာရုံစိုက်ရပါမယ်။ ကျွန်တော်တို့ ဒဏ်ရာရကစားသမားတွေနဲ့ တိုက်ပွဲဝင်ပြီး သူတို့အလျင်အမြန်ပြန်လာနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ ကိန်းက ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ကတော့ ဗီလာကိုအရေးနိမ့်ခဲ့တာကြောင့် ဘိုင်ယန်နဲ့ပွဲမှာ ပြန်လည်ရုန်းထွက်ပြနိုင်ဖို့ လုပ်ဆောင်ဖွယ်ရှိနေပါတယ်။ ဗီလာနဲ့ပွဲအပြီးမှာ အာဆင်နယ်စတား ရိုက်စ်က ဘိုင်ယန်နဲ့ပွဲမှာ တုံ့ပြန်ဖို့ တောင်းဆိုခဲ့ပါတယ်။ 

“အခုတော့ ဘိုင်ယန်နဲ့ချန်ပီယံလိဂ်ပွဲကို အာရုံစိုက်ရမှာပါ။ ကျွန်တော်တို့ အဲ့ပွဲအတွက် အဆင်သင့်ဖြစ်နေဖ့ို လိုပါတယ်။  ဗီလာနဲ့ပွဲက ပြီးဆုံးခဲ့ပါပြီ။ အဲ့တာက ဘောလုံးပွဲတစ်ပွဲပါ။ ကျွန်တော်တို့ အရေးနိမ့်ခဲ့ပေမယ့် ပြန်ရုန်းထဖို့ လိုအပ်ပါတယ်။ အဲ့တာက သေချာပါတယ်။ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်မယ့်အခွင့်အရေးကောင်းရှိနေပါတယ်။ မြူးနစ်ကိုသွားပြီး ထူးခြားတဲ့ညတစ်ညကို ဖန်တီးကြပါမယ်။ ကျွန်တော်တို့ ဘာကြောင့် ဒီနေရာမှာရှိနေရလဲဆိုတာကို လူတိုင်းသိအောင်ပြသရမယ့်အချိန်ပါ။ ချန်ပီယံလုပွဲက မပြီးသေးပါဘူး။ ၆ ပွဲကန်ဖို့ကျန်နေသေးသလို ကျွန်တော်တို့ အခြေအနေကောင်းတစ်ရပ်မှာရှိနေဆဲပါ။ ၂ မှတ်ကွာနေပေမယ့် ကျွန်တော်တို့ အဆင်သင့်ဖြစ်နေဆဲပါ။  ကျွန်တော်တို့ လိုချင်တဲ့ အောင်မြင်ချင်တဲ့အရာအတွက် အပြည့်အဝအာရုံစိုက်ထားဆဲပါ။ ပရီးမီးယားလိဂ်မှာက အလှည့်အပြောင်းတွေအများကြီးဖြစ်နိုင်ပါတယ်။ ဒီနေ့အခြားအသင်းတွေရဲ့ရလဒ်ကိုကြည့်ရင် မြင်နိုင်ပါတယ်။ ဘာမဆိုဖြစ်နိုင်တာကြောင့် ကျွန်တော်တို့ အပေါင်းလက္ခဏာဆောင်နေဆဲပါ”လို့ ရိုက်စ်က ပြောကြားခဲ့ပါတယ်။

#အာတီတာ #အာဆင်နယ် #ဟယ်ရီကိန်း #ချန်ပီယံလိဂ် #ဘိုင်ယန်မြူးနစ်