ရှေ့သို့
Image

လီဗာပူးနှင့်အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆု အလားအလာအပေါ် ပြောကြားလိုက်တဲ့ ဘင်နီတက်ဇ်

9:00 AM, 17 April

တနင်္ဂနွေနေ့ကတော့ ဆုဖလားပြိုင်ဆိုင်မှုအတွက် အဆုံးအဖြတ်ကာလဖြစ်ခဲ့ပြီး လီဗာပူးနှင့် အာဆင်နယ်တို့ဟာ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာကြောင့် မန်စီးတီးဟာ အမှတ်ပေးဇယားရဲ့ထိပ်ကနေ ၂ မှတ်အသာဖြင့် ဦးဆောင်နေပြီဖြစ်ပါတယ်။

လီဗာပူးဟာ ခြေစွမ်းအပိုင်းမှာ ရုန်းကန်နေရတဲ့ ခရစ္စတယ်ပဲလေ့စ်ကို အန်ဖီးလ်တွင် လက်ခံကစားခဲ့ရပြီး အခွင့်အရေးများစွာရရှိခဲ့သော်လည်း အီးဇီးရဲ့ ဂိုးကို‌ ချေပနိုင်ခြင်းမရှိခဲ့ပါဘူး။ အဲ့ဒီနေ့မှာ အာဆင်နယ်ကလည်း လီယွန်ဘေလီနှင့် ဝက်ကင်စ်တို့ရဲ့ နောက်ကျဂိုးများကို ခွင့်ပြုခဲ့ရတာကြောင့် အမှတ်ပေးဖလားပြိုင်ပွဲတွင် အရေးပါတဲ့ အမှတ်များ ဆုံးရှုံးသွားခဲ့ရပြီး အူနိုင်းအမ်မရီရဲ့ အက်စတွန်ဗီလာကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးဟာ ၄ ကြိမ်ဆက်တိုက် ပရီးမီးယားလိဂ်ဖလားကို ဆက်တိုက်ရယူရန် ကြိုးပမ်းနေပြီး ဘင်နီတက်ဇ်က ဂွါဒီယိုလာရဲ့အသင်းဟာ အနီးကပ်ဆုံး ပြိုင်ဘက် ၂ သင်းထက် ယခုအချိန်တွင် အားသာချက်များစွာ ရရှိထားကြောင်း ပြောထားပါတယ်။ သို့သော်လည်း ဂွါဒီယိုလာရဲ့အသင်းကို အဆိုပါ ၂ သင်းက လိုက်မီနိုင်ဖို့မျှော်လင့်ချက်ရှိကြောင်း ချန်ပီယံပြိုင်ပွဲမှာ နောက်ထပ်အလှည့်အပြောင်းအနည်းငယ်နဲ့ အလှည့်အပြောင်းတွေကို မျှော်လင့်ထားကြောင်း ဘင်နီတက်ဇ်က ပြောကြားထားပါတယ်။

"မန်စီးတီးက ယုံကြည်မှုအပြည့်နဲ့ ကစားနေတာပါ။ သူတို့မှာ ကစားသမားကောင်း ၃ ယောက်၊ ၄ ယောက်လောက်ကို ပြောင်းလဲနိုင်ပြီး အလွယ်တကူ အနိုင်ရနိုင်သေးပါတယ်" "ဒီအပတ်မှာ လီဗာပူးနဲ့ အာဆင်နယ်တို့ လုပ်ခဲ့တဲ့အတိုင်း အလားတူ အမှားတွေ မြင်နိုင်အုံးမလားဆိုရင်တော့ မြင်နိုင်ပါသေးတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ တခြားအသင်းတွေ အမှားတွေ လုပ်မိနိုင်တာကြောင့် မန်စီးတီးက အားသာချက်တွေ အများကြီးရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်" လို့ Sky Sports သို့ ပြောကြားခဲ့ပါတယ်။


ရီးရဲလ်မက်ဒရစ်၊ အင်တာမီလန်နဲ့ လီဗာပူးတို့ကို ကိုင်တွယ်ခဲ့ဖူးတဲ့ ဘင်နီတက်ဇ်က "ကျွန်တော် ဒီပွဲနှစ်ပွဲကို ကြည့်ခဲ့ပြီး လီဗာပူးက အခွင့်အရေးကောင်းတွေရခဲ့သော်လည်း ကံဆိုးခဲ့ပါတယ်" "အာဆင်နယ်ကလည်း အလားတူပါပါ။ သူတို့ဟာ ပထမပိုင်းတုန်းက ပိုကောင်းခဲ့ပေမယ့် နောက်ပိုင်းမှာ ပွဲကို ထိန်းချုပ်မှု ဆုံးရှုံးခဲ့ပြီး ဒုက္ခရောက်ခဲ့ရတာပါ။ လီဗာပူးလိုပဲ သူတို့ကပွဲတွေကို ရှုံးလို့မရသလို အမှတ်တွေ လျှော့လို့မရနိုင်တဲ့ ဒီအနေအထားမှာ ရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်" လို့ ပြောပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ယှဉ်နေတဲ့ သုံးသင်းစလုံးဟာ ယခုရက်သတ္တပတ်အတွင်း ဥရောပ ပွဲစဉ်များကို ကစားရမှာဖြစ်ပါတယ်။ မန်စီးတီးဟာ လာမယ့်ရက်သတ္တပတ် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်တွင် ချဲလ်ဆီးနှင့် ရင်ဆိုင်ရမှာဖြစ်ပြီး လီဗာပူးနှင့် အာဆင်နယ်တို့ကတော့ ဖူလ်ဟမ်၊ ဝုဗ်တို့နှင့် အသီးသီး ပြန်လည်ကစားရမှာ ဖြစ်ပါတယ်။


#လီဗာပူး #အာဆင်နယ် #ဘင်နီတက်ဇ် #ပရီးမီးယားလိဂ်