ရှေ့သို့
Image

အက်စတွန်ဗီလာနဲ့ ပွဲစဉ်အတွင်း ကွင်းထဲမှ စောစောစီးစီးထွက်ခွာသွားတဲ့ အာဆင်နယ်ပရိသတ်တွေကို စိတ်ပျက်နေတဲ့ အီယန်ရိုက်

8:50 AM, 17 April

ပွဲကစားချိန် ၈၇ မိနစ်တွင် အိုလီဝက်ကင်းစ်က ဗီလာအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူလိုက်ပြီးနောက်မှာတော့ အမ်းမရိတ်စ်ကွင်းထဲကနေ ထောင်ပေါင်းများစွာသော ပရိသတ်တွေက ထွက်ခွာသွားကြတာဖြစ်ပါတယ်။ ပွဲပြီးဖို့ ၁၀ မိနစ်အလိုအထိ ဂိုးမရှိသရေကျခဲ့သော်လည်း လီယွန်ဘေလီက ၈၄ မိနစ်တွင် ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ၃ မိနစ် အကြာမှာ ဝက်ကင်စ်က ဒုတိယမြောက်ဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ အက်စတွန်ဗီလာကို အနိုင်ရပါက အမှတ်ပေးဇယားထိပ်မှ မန်စီးတီးနှင့် ၁ မှတ်အသာဖြင့် မနေ့ညက ခရစ္စတယ်ပဲလေ့စ်ကို အံ့အားသင့်စွာရှုံးနိမ့်ခဲ့တဲ့ လီဗာပူးရဲ့အထက် ၃ မှတ်အသာဖြင့် အမှတ်ပေးဇယားထိပ်ဆုံးသို့ ပြန်လည်ရောက်ရှိသွားမှာလည်းဖြစ်ပါတယ်။သို့သော်လည်း အာတီတာရဲ့အသင်းဟာ ၄ ကြိမ်ဆက်တိုက် ပရီးမီးယားလိဂ်ချန်ပီယံဆုကို စံချိန်တင်ရရှိဖို့ ရှိနေတဲ့ မန်စီးတီးနောက် ၂ မှတ်အကွာသို့ ရောက်သွားကာ လက်ရှိရာသီရဲ့ ပဉ္စမမြောက် လိဂ်ရှုံးပွဲနှင့်ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂ ရာသီအတွင်း အာဆင်နယ်အတွက် ရှုံးပွဲဆိုတာ ရှားပါးခဲ့ပြီး အထူးသဖြင့် အဆိုပါရှုံးနိမ့်မှုဟာ ဂန်းနားနည်းပြဟောင်း အူနိုင်းအမ်မရီထံမှာ ဖြစ်ခဲ့တာကြောင့် ပိုမိုနာကျင်စေရတာဖြစ်ပါတယ်။ ဒါပေမယ့် ပွဲမပြီးခင်မှာ ပရိသတ်အများအပြားက ကွင်းထဲကနေ ထွက်ခွာသွားတာကို တွေ့လိုက်ရတော့ အသင်းရဲ့ ဂန္တဝင် ရိုက်က စိတ်ပျက်သွားတာဖြစ်ပါတယ်။

"ကျွန်တော်က ပရိသတ်တွေအကြောင်း တစ်ခုခု ပြောစရာရှိတယ်ဆိုတာ ခင်ဗျားသိမှာပါ" "ယူနိုက်တက်အသင်းကြီးကို ပြန်ကြည့်တဲ့အခါ သူတို့မှာရှိတဲ့အရာတစ်ခုက ဖာဂီရဲ့အချိန်ပဲဖြစ်ပြီး ပရိသတ်တွေက သူတို့နောက်မှာ အမှန်တကယ်ရှိနေခဲ့တာကြောင့် အသင်းသားတွေက ကျော်ဖြတ်နိုင်ခဲ့ပါတယ်" "အာဆင်နယ်ပရိသတ်တွေ ထွက်ခွာသွားတဲ့ အရေအတွက်ကို ကြည့်ရင် အဲဒါက တော်တော်စိတ်ပျက်စရာကောင်းပါတယ်" "ပြီးခဲ့တဲ့ ၂ ရာသီက ဒီအသင်းအတွက် တိုးတက်မှုတစ်ခုပဲရှိတယ်။ သူတို့ ဘိုင်ယန်ကို မရှုံးခဲ့ပါဘူး၊ အရင်က ဘိုင်ယန်က ကျွန်တော်တို့ကို ဘာလုပ်ခဲ့တာလဲဆိုတာ မှတ်မိလား။ ဒီအချိန်မှာတော့ သူတို့ ပြန်လာနိုင်ခဲ့ပါတယ်" "ဒီကစားသမားတွေက ပရိသတ်တွေနဲ့ အတူရှိနေဖို့ လိုအပ်ပါတယ်။ သူတို့တွေ ထွက်သွားတဲ့အတွက် တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုလုပ်တာကို သူတို့ရဲ့ စစ်မှန်တဲ့ ယုံကြည်ချက်လို့ ခင်ဗျားထင်လား။ အဲဒါကိုတွေ့တော့ ကျွန်တော် တကယ်စိတ်ပျက်သွားမိပါတယ်"  လို့ Kelly and Wrighty Show မှာ ပြောခဲ့ပါတယ်။

အာဆင်နယ်ကွင်းလယ်ကစားသမား ဒီကလန်ရိုက်က အက်စတွန်ဗီလာကို ရှုံးနိမ့်ခဲ့မှုကြောင့် ဝမ်းနည်းခဲ့ရကြောင်း ဝန်ခံခဲ့ပါတယ်။ အင်္ဂလန်ကြယ်ပွင့်ဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပြန်လည်ကစားရတဲ့အခါ ပြန်လည်တုန့်ပြန်ဖို့အတွက် အသင်းဖော်တွေကို စိန်ခေါ်မှုလုပ်လိုက်ပါတယ်။

အာတီတာ၏အသင်းသည် ဗုဒ္ဓဟူးနေတွင် မြူးနစ်သို့သွားရောက်ကာ ဆီမီးဖိုင်နယ်သို့တက်လှမ်းရန် ကစားရမှာဖြစ်ပါတယ်။ အမ်းမရိတ်စ်မှာ ကစားခဲ့တဲ့ ပထမအကျော့မှာတော့ ၂-၂ ဂိုးနဲ့ ပွဲပြီးသွားခဲ့ပါတယ်။ "ဒါဟာ တုံ့ပြန်မှုအတွက် ပြီးပြည့်စုံတဲ့ပွဲတစ်ပါ။ ဗုဒ္ဓဟူးနေ့ညမှာ တုံ့ပြန်မှုတစ်ခု လိုအပ်ပြီး ကျွန်တော်တို့ရဲ့ စရိုက်လက္ခဏာနဲ့ ခေါင်းဆောင်မှုကို ပြသဖို့ အခွင့်အရေးကောင်းတစ်ခုပါပဲ" "အဲ့အချိန်ကနေ ရုန်းထွက်ပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ဖို့ မျှော်လင့်မိပါတယ်။ ဒါဟာ ဘောလုံးကစားခြင်းရဲ့ ပွဲတစ်ပွဲပါပဲ ကျွန်တော်တို့ရှုံးခဲ့ပေမယ့် ကောင်ကောင်းပြန်ကစားဖို့တော့ သေချာပါတယ်" "အယ်လီယန်အာရန်နာကိုသွားရတာ ထူးခြားတဲ့ ညဖြစ်မှာပါ။ ကျွန်တော်တို့ရဲ့အကောင်းဆုံးကစားပြီး ကျွန်တော်တို့က ဘယ်လိုအနေအထားမှာရှိနေတာလဲဆိုတာ အားလုံးကို ပြသရမှာဖြစ်ပါတယ်" "ကျွန်တော်တို့ ကြီးမားတဲ့ ပွဲတစ်ပွဲကို ဆုံးရှုံးလိုက်ရလို့ စိတ်ပျက်မိပေမယ့် တုံ့ပြန်ဖို့ အချိန်တန်ပါပြီ" လို့ ရိုက်က ပြောပါတယ်


#အာဆင်နယ် #အက်စတွန်ဗီလာ #အီယန်ရိုက် #ပရီးမီးယားလိဂ်