ရှေ့သို့
Image

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်မယ်လို့ ပီအက်စ်ဂျီက အမြဲတမ်းယုံကြည်ခဲ့ကြောင်း ပြောလာတဲ့ ဒမ်ဘီလီ

8:45 AM, 17 April

အူစမာနီဒမ်ဘီလီက ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်မယ်လို့ အမြဲယုံကြည်ခဲ့ကြကြောင်း ပြောလာခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ပထမအကျော့ပွဲစဉ်မှာ ၃-၂ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့ အဝေးကွင်းမှာ အကောင်းဆုံး comebackပြန်လာကာ ၄-၁ဂိုးနဲ့ အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၆-၄ဂိုးနဲ့ ဆီမီးဖိုင်နယ်တက်နိုင်ခဲ့ပါတယ်။ ဒမ်ဘီလီဟာ အသင်းဟောင်း ဘာစီလိုနာနဲ့ ပြန်လည်ရင်ဆိုင်ရတဲ့ နှစ်ပွဲစလုံးမှာ ခြေစွမ်းပြဂိုးတွေသွင်းခဲ့ပြီး ဒုတိယအကျော့မှာ အကောင်းဆုံးကစားသမားဆုကိုပါ သိမ်းပိုက်သွားခဲ့ပါတယ်။

ဒမ်ဘီလီက "ပထမအကျော့က ၃-၂ဂိုးနဲ့ ရှုံးခဲ့တာတောင် အားလုံးက ကျွန်တော်တို့ ပြန်လာနိုင်မယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ ကျွန်တော်တို့ ဒီမှာ ဂိုးတွေသွင်းနိုင်မယ်ဆိုတာ သံသယမရှိခဲ့ကြပါဘူး။ တစ်သင်းလုံးက အကောင်းဆုံးလုပ်ခဲ့ကြပါတယ်။ ကျွန်တော်တို့ တစ်ပတ်လုံး နည်းစနစ်ပိုင်းအရ လေ့ကျင့်မှုတွေပြုလုပ်ခဲ့ပြီး နည်းပြရဲ့ နည်းစနစ်တွေက ပြီးပြည့်စုံခဲ့ပါတယ်။ ကျွန်တော်တို့ ပွဲအစမှာ ဂိုးပေးလိုက်ရပေမယ့် အရှုံးမပေးခဲ့ပါဘူး။ နိုင်ကိုနိုင်ရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ကစားခဲ့ပါတယ်"လို့ ပြောခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ပွဲစဉ်တစ်ပွဲမှာ ရှုံးနိမ့်နေရာကနေ ပြန်လည်အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာကို ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် ပီအက်စ်ဂျီဟာ ဆီမီးဖိုင်နယ်မှာ ဒေါ့မွန်နဲ့ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

#ပီအက်စ်ဂျီ #ဒမ်ဘီလီ #ချန်ပီယံလိဂ်